မိုင်းပန်မြို့နယ် အရှေ့ကျေးရွာအုပ်စု တုံအောကျေးရွာ ကုန်ထုတ်လမ်းဖွင့်ပွဲအခမ်းအနား ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုင်းပန်မြို့နယ် အရှေ့ကျေးရွာအုပ်စု တုံအောကျေးရွာ ကုန်ထုတ်လမ်းဖွင့်ပွဲအခမ်းအနား ကျင်းပ



MNP  -   ဇန်နဝါရီ ၂

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ အဆင်ပြေချောမွေ့စွာသွားလာနိုင်ရေး၊ ဒေသထွက်ကုန်များ အဆင်ပြေချောမွေ့စွာ ထုတ်ယူနိုင်ရေးအတွက် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနမှ အရှေ့ပိုင်းကျေးရွာအုပ်စု တုံအောကျေးရွာ၌ ကုန်ထုတ်လမ်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် (၁၀)နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။


ထိုသို့ဆောင်ရွက်ရာတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လင်းခေးခရိုင်ဦးစီးမှူး၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်အိအိခင်က အဖွင့်အမှာစကား ပြောကြားခဲ့ရာ ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဆောင်ရွက်နေသည့် လုပ်ငန်းများအကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်အရှေ့ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးစိုင်းဆောလိန်မှ ကျေးရွာသူ/သားများ၏ကိုယ်စား ကျေးဇူးတင်စကား ပြောကြားခဲ့သည်။


ဆက်လက်၍ ကုန်ထုတ်လမ်းဖွင့်ပွဲ အခမ်းအနားကို လင်းခေးခရိုင်  ဒုတိယညွန်ကြားရေးမှူး ဒေါ်အိအိခင်၊ မိုင်းပန်မြို့နယ် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဟန်ဇော်မြင့်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူးကျော်ညီညီလွင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်သိန်းနိုင်၊ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမိုင်းမြင့်နိုင်ထွန်းတို့က တုံအောကျေးရွာကုန်ထုတ်လမ်းကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပြီး တုံအောကျေးရွာရှိ ကျေးလက်ကုန်ထုတ်လမ်း အကျယ်(၁၂)ပေ၊ အရှည်(၁)မိုင် (၄)ဖာလုံအားလှည့်လှယ်ကြည့်ရှုခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)