မိုင်းခုတ်မြို့၌ လယ်မြေဧက(၁၂၀)စိုက်ပျိုးရေရရှိရေး နမ့်လုံးချောင်းရေလွှဲဆည်ရေထိန်းတံခါးနှင့် တူးမြောင်းရေသောက်စနစ်တည်ဆောက်နေမှု ၇၅ ရာခိုင်နှုန်းတည်ဆောက်ပြီးစီး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုင်းခုတ်မြို့၌ လယ်မြေဧက(၁၂၀)စိုက်ပျိုးရေရရှိရေး နမ့်လုံးချောင်းရေလွှဲဆည်ရေထိန်းတံခါးနှင့် တူးမြောင်းရေသောက်စနစ်တည်ဆောက်နေမှု ၇၅ ရာခိုင်နှုန်းတည်ဆောက်ပြီးစီး




MNP  -  ဇန်နဝါရီ ၂၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့၊ မိုင်းလုံးကျေးရွာအုပ်စု၊ ဟိုမိန်းကျေးရွာ၌ နမ့်လုံးချောင်းရေလွှဲဆည်ရေထိန်းတံခါးနှင့် တူးမြောင်းရေသောက်စနစ်တည်ဆောက်လျက်ရှိရာ ယခုအခါ ၇၅ ရာခိုင်နှုန်းတည်ဆောက်ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။


အဆိုပါ နမ့်လုံးချောင်းရေလွှဲဆည်ရေထိန်းတံခါးနှင့် တူးမြောင်းရေသောက်စနစ်ကို ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၏  ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၊ ပြည်နယ်ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေကျပ်(၈၅)သန်းဖြင့် တည်ဆောက်နေခြင်းဖြစ်ကာ ယခုအခါ (၇၅)ရာခိုင်နှုန်းတည်ဆောက်ပြီးစီးနေပြီဖြစ်ပြီး လာမည့် ဖေဖော်ဝါရီလအတွင်း အပြီးတည်ဆောက်သွားမည်ဖြစ်ကြောင်း မိုင်းဆတ်မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကျော်ခိုင်မြင့်ထံမှ သိရသည်။


နမ့်လုံးချောင်းရေလွှဲဆည်တည်ဆောက်ပြီးစီးပါက မိုင်းလုံးကျေးရွာအုပ်စုအတွင်းရှိ လယ်မြေဧက(၁၂၀)အတွက် စိုက်ပျိုးရေလုံလုံလောက်လောက်ပေးဝေနိုင်မည့်အပြင် ပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများအတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုစေမည်ဖြစ်ကြောင်း သိရသည်။


ယဉ်ယဉ်ဝင်း

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)