လင်းခေးတွင်(၂၀၂၂-၂၀၂၃)ပညာသင်နှစ် မြို့နယ်ပညာရေးစုံညီပွဲတော်ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လင်းခေးတွင်(၂၀၂၂-၂၀၂၃)ပညာသင်နှစ် မြို့နယ်ပညာရေးစုံညီပွဲတော်ကျင်းပ





MNP  -  ဇန်နဝါရီ ၁၈

ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ လင်းခေး​မြို့နယ်ပညာရေးမှူးရုံးက ကြီးမှူး၍(၂၀၂၂-၂၀၂၃) ပညာသင်နှစ် မြို့နယ်ပညာရေးစုံညီပွဲတော်အခမ်းအနားကို ယမန်နေ့နံနက်(၉)နာရီက လင်းခေးမြို့၊ အခြေခံပညာအထက်တန်းကျောင်း ပတ္တမြားခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ အခြေခံပညာအထက်တန်းကျောင်း(လင်းခေး)မှ ကျောင်းသား၊ ကျောင်းသူများက "ကြိုဆို ပါသည်ပညာရေးစုံညီပွဲတော်" တေးသီချင်းဖြင့် သီဆိုဖျော်ဖြေ၍ အခမ်းအနားကိုဖွင့်လှစ်ခဲ့သည်။ ဆက်လက်၍ မြို့နယ်ပညာရေးကော်မတီမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးနေခြည်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး၊ မြို့နယ်ပညာရေးမှူး ဒေါ်နန်းထားကြည်က မြို့နယ် ပညာရေးမှူး ရုံး၏  ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် မြို့နယ်ပညာရေးစုံညီပွဲတော်ကျင်းပရခြင်း၏ ရည်ရွည်ချက်များ၊ ပညာရေးရည်မှန်းချက်များနှင့် လင်း‌ခေးအခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်သီတာမိုးနိုင်က ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၌ ပညာရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ခဲ့မှုအခြေအနေများနှင့် ပညာရေးစုံညီပွဲတော်ကျင်းပရာ၌ အဘက်ဘက်မှ ကူညီအားပေးခဲ့ကြသူ များအား ကျေးဇူးတင်စကားပြောကြားခဲ့ပါသည်။


ယင်းနောက် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး၊ ခရိုင်နှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊‌ ပညာ‌‌ရေးအငြိမ်းစားဆရာဆရာမကြီးများ၊ ကျောင်းအကျိုးတော်ဆောင်များနှင့် တာဝန်ရှိသူတို့က တက္ကသိုလ်ဝင်တန်း ဂုဏ်ထူးရကျောင်းသား၊ ကျောင်းသူများ၊ မြို့နယ်အဆင့် စာစီစာကုံးပြိုင်ပွဲ ဆုရရှိသူများ၊ အားကစား ပြိုင်ပွဲဆုရရှိသူများ၊ ဆို၊ က၊ ရေး၊ တီးပြိုင်ပွဲ၊ ကဗျာလွတ်အကပြိုင်ပွဲ၊ ကျောင်းအဆင့်ကာယ၊ ဉာဏပြိုင်ပွဲဆုရရှိသူ များအား ဆုများအသီးသီးချီးမြှင့်ပေးခဲ့ကြပါသည်။


ဆက်လက်၍ ကျောင်းသား၊ ကျောင်းသူများ၏ အကပဒေသာများဖြင့်ဖျော်ဖြေ တင်ဆက်ခဲ့ကြပြီးနောက် အခြေခံပညာအထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများက “ဘက်စုံပညာရည်တို့ လှမ်းချီ” တေးသီချင်းသီဆိုဖျော်ဖြေခြင်းဖြင့် အခမ်းအနားကို ရုတ်သိမ်းလိုက်ပါသည်။


အခမ်းအနားသို့ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး၊ ခရိုင်ပညာရေးမှူးရုံးမှ တာဝန်ရှိသူများ၊ မြို့နယ် ပညာရေးမှူးနှင့်တာဝန်ရှိသူများ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျောင်းအကျိုး ဆောင်များ၊ မြို့မိမြို့ဖများ၊ မြို့နယ်အတွင်းရှိ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)များမှ ကျောင်းအုပ်ဆရာဆရာကြီးများ၊ ကျောင်းသားမိဘများနှင့်ကျောင်း သားကျောင်းသူများ စုစုပေါင်း အင်အား(၂၅၀)ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။


စိုင်းဇော်လတ်

 https://t.me/MyanmarNationalPost 

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)