တောင်ဥက္ကလာပမြို့နယ်၌ အသက် ၅ နှစ်မှ အသက် ၁၂ နှစ်ကြား ကျောင်းသား၊ ကျောင်းသူ (၅၁၀)ဦးအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အပိုဆောင်းကာကွယ်‌ဆေးဆက်လက်ထိုးနှံပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တောင်ဥက္ကလာပမြို့နယ်၌ အသက် ၅ နှစ်မှ အသက် ၁၂ နှစ်ကြား ကျောင်းသား၊ ကျောင်းသူ (၅၁၀)ဦးအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အပိုဆောင်းကာကွယ်‌ဆေးဆက်လက်ထိုးနှံပေး



MNP  -  ဇန်နဝါရီ  ၂၃

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင် နှစ်၊ အခြေခံပညာကျောင်းများတွင် တက်ရောက်ပညာသင်ကြားနေသော အသက် (၅) နှစ်မှ အသက် (၁၂) နှစ်ကြား ကျောင်းသား၊‌ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Myancopharm) အပိုဆောင်းထိုးနှံပေးခြင်းကို ယနေ့နံနက် (၉:၀၀)နာရီကစ၍ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း စုရပ်နှင့် အမှတ်(၇)အခြေခံပညာမူလတန်းကျောင်းစုရပ်တို့၌ ဆက်လက်ထိုးနှံပေးကြောင်း သိရသည်။


အဆိုပါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦး‌အောင်မြတ်မိုးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့မှူးဦးစိုးညွန့်ဦး၊ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ‌ အေးအေးမိုး၊ မြို့နယ်ပညာရေးမှူး ဒေါ်ခင်အေးဝင်းတို့က ကြီးကြပ်ပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ဆရာ၊ ဆရာမများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ စေတနာ့ဝန်ထမ်းများ ပူးပေါင်းဆောင်ရွက်ကြကြောင်း သိရသည်။


တောင်ဥက္ကလာပမြို့နယ်တွင် အသက် ၅ နှစ်မှ အသက် ၁၂ နှစ်ကြား ကျောင်းသား၊‌ ကျောင်းသူများ အား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Myancopharm  အပိုဆောင်းထိုးနှံပေးလျက်ရှိကြောင်း၊ ကိုဗစ်-၁၉‌ ရောဂါကာကွယ်‌ဆေး Myancopharm အပိုဆောင်းထိုးနှံသူ ကျောင်းသား၊ ကျောင်းသူ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း (၂၆၁)ဦး၊ မြင့်မြတ်ပညာကိုယ်ပိုင်ကျောင်းမှ (၅၇) ဦး၊ အမှတ်(၂)အခြေခံပညာအလယ်တန်းကျောင်းမှ (၂)ဦး၊ အမှတ်(၁၂)အခြေခံပညာမူလတန်းကျောင်းမှ (၁)ဦး၊ စုစုပေါင်း အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း စုရပ်၌(၃၂၀)ဦး၊ အမှတ်(၂)အခြေခံပညာအလယ်တန်းကျောင်းမှ (၅၅)ဦး၊ အမှတ်(၇)အခြေခံပညာမူလတန်းကျောင်းမှ (၉၀)ဦး၊ အမှတ်(၈) အခြေခံပညာမူလတန်းကျောင်းမှ (၃၄)ဦး၊ အမှတ်(၄) အခြေခံပညာအလယ်တန်းကျောင်းမှ (၇)ဦး၊ အမှတ်(၁၂)အခြေခံပညာမူလတန်းကျောင်းမှ (၄)ဦး၊ စုစု‌ပေါင်း အမှတ်(၇)အခြေခံပညာမူလတန်းကျောင်းစုရပ်၌ (၁၉၀)ဦး၊  စုစုပေါင်း(၅၁၀)ဦးအား အပိုဆောင်း ထိုးနှံပေးခဲ့ကြောင်း၊ ဆေးထိုးရန်ကျန်ရှိသည့် ကျောင်းသား၊ ကျောင်းသူများအား ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ သတင်းရရှိသည်။


ထက်ထက်

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)