ပန်းဘဲတန်းမြို့နယ် အမှတ်(၁)အခြေခံပညာအလယ်တန်းကျောင်း၌ ပညာ​ရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုများ ချီးမြှင့်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပန်းဘဲတန်းမြို့နယ် အမှတ်(၁)အခြေခံပညာအလယ်တန်းကျောင်း၌ ပညာ​ရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုများ ချီးမြှင့်ပွဲကျင်းပ




MNP  -    ဇန်နဝါရီ ၁၉

ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုများ ချီးမြှင့်ပွဲအခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ပန်းဘဲတန်းမြို့နယ် အမှတ်(၁)အခြေခံပညာအလယ်တန်းကျောင်း၌ ယမန်နေ့ နံနက် ၉ နာရီတွင် ကျင်းပသည်။


အဆိုပါအခမ်းအနားတွင် ပန်းဘဲတန်းမြို့နယ် အမှတ်(၁)အခြေခံပညာအလယ်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးဒေါ်သက်စုနှင်းက အဖွင့်အမှာစကားပြောကြားပြီး  တိုင်းအဆင့်အင်္ဂလိပ်စွမ်းရည်နှင့် သင်္ချာစွမ်းရည်ပြိုင်ပွဲ၊ မြို့နယ်အဆင့်စာစီစာကုံးပြိုင်ပွဲ၊  ပညာရည်ချွန်ဆုများ၊ A အဆင့်ရရှိခဲ့သော ကျောင်းသား၊ ကျောင်းသူများ၊ အားကစားပြိုင်ပွဲများတွင် ဆုရရှိခဲ့သည့် ကျောင်းသား၊​ ကျောင်းသူများနှင့် ကူညီပံ့ပိုးပေးကြသော ကျောင်းသားမိဘများအား ဂုဏ်ပြုမှတ်တမ်းများကို  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ဆုများချီးမြှင့်ပေးခဲ့ကြသည်။


ထို့နောက် ကျောင်းသား၊ ကျောင်းသူများက ပန်းကလေးများ၏ ဥယျာဉ်မှူး၊ ရန်ကုန်သားနှင့် မန္တလေးသူ၊ လက်ပံပွင့်ကောက်၊ ပန်းသည်၊ If You Happy ၊ လူရှည်ကြီးကိုရှောင်၊ ကိုကိုလူဆိုး၊ ဇာတိမာန်သီချင်းများဖြင့် သီဆိုဖျော်ဖြေခဲ့​ကြကြောင်း သတင်းရရှိသည်။


ဦးဆန်းကြည်

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)