ငြိမ်းချမ်းလာဘ်ရွှင် အဘယလာဘမုနိ အောင်တော်မူ ဗုဒ္ဓရုပ်ပွား တော်မြတ်ကြီးတွင် ထည့်သွင်းပူဇော်မည့် ဌာပနာတော်များ မြို့တွင်းသို့လှည့်လည်အပူဇော်ခံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ငြိမ်းချမ်းလာဘ်ရွှင် အဘယလာဘမုနိ အောင်တော်မူ ဗုဒ္ဓရုပ်ပွား တော်မြတ်ကြီးတွင် ထည့်သွင်းပူဇော်မည့် ဌာပနာတော်များ မြို့တွင်းသို့လှည့်လည်အပူဇော်ခံ


MNP  -  ဇန်နဝါရီ   ၂

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ကျက်သရေဆောင် ဆုတောင်းပြည့်စုံ ကျိုက်ဒေးယျုံစေတီတော်မြတ်ကြီး၏ ဝတ္တကမြေပေါ်တွင် ဗုဒ္ဓဘာသာဝင် ပြည်သူများ၏ ဘာသာရေးအပေါ် သက်ဝင်ယုံကြည်မှု၊ သဒ္ဓါတရားပြည့်စုံထက်သန်မှု၏ ပြယုဂ်အဖြစ်တည်ရှိပြီး သာသနာတော်အရှည်တည်တံ့ရန်နှင့် ဘာသာသာသနာဖွံ့ဖြိုးထွန်းကားသော မြို့နယ်တစ်ခု အနေဖြင့် ရေရှည်စည်ပင်သာယာဝပြောမှုကို အထောက်အကူပြုစေရန် ရည်ရွယ်၍ ငြိမ်းချမ်းလာဘ်ရွှင် အဘယလာဘမုနိ အောင်တော်မူ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးတွင်ထည့်သွင်း ပူဇော်မည့် ဌာပနာတော်များ မြို့တွင်းလမ်းများတစ်လျောက် လှည့်လည်အပူဇော်ခံပွဲကို ယမန်နေ့နံနက်(၇) နာရီက စတင်၍ စေတီတော်မြတ်ကြီး၏ ဂေါပကအဖွဲ့ဝင်များနှင့် လူမှုရေးအသင်းအဖွဲ့များ အနီးကပ်ကြီးကြပ်မှုဖြင့် ဒေသစာရီ လှည့်လည်အပူဇော်ခံလျက်ရှိသည်။


အဆိုပါဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးက ၂၀၂၂ ခုနှစ် မတ်လ(၁)ရက်နေ့တွင် မြေသန့် မင်္ဂလာနှင့် ပန္နက်တော်တင်မင်္ဂလာအခမ်းအနားဖြင့် အမြင့်ပေ(၂၀)ရှိသော ဂန္ဓကုဋိတိုက်ပေါ်တွင် ဉာဏ်တော်(၂၇) ပေရှိသော ရုပ်ပွားတော်မြတ်ကြီးကို မြန်မာမှုဗိသုကာ လက်ရာများဖြင့် စုစုပေါင်းကုန်ကျငွေ (၂၃၀၀)သိန်းဖြင့် တည်ထားလျက်ရှိရာ ၂၀၂၃ ခုနှစ် မတ်လတွင် လုပ်ငန်းအားလုံး၏ (၉၀) ရာခိုင်နှုန်း ပြီးစီးမည်ဖြစ်ကြောင်း သိရသည်။


အေဇာလင်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)