မင်းဘူး-အမ်း-စစ်တွေလမ်းအား ငွေကျပ်သန်း ၁၄၀၀ ကျော်ဖြင့် လမ်းအဆင့်မြှင့်တင်ခြင်း ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မင်းဘူး-အမ်း-စစ်တွေလမ်းအား ငွေကျပ်သန်း ၁၄၀၀ ကျော်ဖြင့် လမ်းအဆင့်မြှင့်တင်ခြင်း ဆောင်ရွက်




MNP  -  ဇန်နဝါရီ  ၁၅

မင်းဘူး-အမ်း-စစ်တွေလမ်းသည် မင်းဘူးမှ အမ်းအထိ ၁၀၃ မိုင် တစ်ဖာလုံရှိကာ မကွေးတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်သို့ ဆက်သွယ်ထားသော လမ်းတစ်လမ်းဖြစ်ပြီး၊  ကုန်စည်စီးဆင်းမှုနှင့် သွားလာမှုလွယ်ကူ ချောမွေ့စေရန်ငွေကျပ် ၁၄၀၅ ဒသမ ၆၃ သန်းဖြင့် လမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း မင်းဘူး(စကု)မြို့နယ် လမ်းဦးစီးဌာနမှ သိရသည်။


မင်းဘူး-အမ်း-စစ်တွေလမ်းကို ၁၉၈၁ ခုနှစ်က စတင် ဖောက်လုပ်ခဲ့တာဖြစ်ပြီး ယခင်က ကတ္တရာလမ်း အကျယ်မှာ ၁၂ ပေသာ ရှိတာကြောင့် ကားကြီးများ သွာလာရာတွင် ခရီးကြံ့ကြာမှုများ ရှိနေသဖြင့် လမ်းအကျယ်ချဲ့ခြင်းနှင့် ထပ်ပိုး လွှာခင်းခြင်းအား မင်းဘူးမြို့ လမ်းဦးစီးဌာနမှ ဆောင်ရွက်ရာတွင် ၂၄ ပေ လမ်း အကျယ်ဖြင့် ၂ မိုင်၊ ၁၈ ပေ လမ်းအကျယ်ဖြင့် ၂၇ မိုင် ပြီးစီးနေပြီး၊ ကျန်ရှိနေသည့် လမ်းအကျယ်ချဲ့ခြင်းနှင့် ထပ်ပိုးလွှာခင်းခြင်းများအား ဘဏ္ဍာနှစ်အလိုက် ဆက်လက်လုပ်ဆောင်သွားမှာဖြစ်ကြောင်း မင်းဘူး(စကု) မြို့နယ် လမ်းဦးစီးဌာန ဦးစီးအရာရှိ (မြို့ပြ) ဦးထွန်းမင်းဝင်းက ပြောသည်။


မင်းဘူး-အမ်း-စစ်တွေလမ်းအား လမ်းအကျယ်ချဲ့ခြင်းနှင့် ထပ်ပိုးလွှာခင်းခြင်းစသော အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများ ဆောင်ရွက်ပြီးစီးပါက မကွေးတိုင်းဒေသကြီးမှ ရခိုင်ပြည်နယ်သို့ ကုန်စည်စီးဆင်းမှုများ အဆင်ပြေချောမွေ့စေပြီး လမ်းဘေး ဝဲ/ယာရှိ ကျေးရွာများမှာလည်း လူမှုဘဝ ဖွံ့ဖြိုးတိုးတက်လာမည့်အပြင် ယာဉ်ကြောကြပ်တည်းမှုနှင့် ယာဉ်အန္တရာယ် ဖြစ်ပွားမှုများလည်း လျော့နည်းစေမှာ ဖြစ်ကြောင်းသိရသည်။


  ဇေယျာထက်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)