မိုးညိုမြို့နယ်တွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေအသိပညာပေး‌ဟောပြောပွဲပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုးညိုမြို့နယ်တွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေအသိပညာပေး‌ဟောပြောပွဲပြုလုပ်



MNP  -  ဇန်နဝါရီ   ၁၉

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ယမန်နေ့နံနက်ပိုင်းက ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေအသိပညာပေး ‌ဟောပြောပွဲပြုလုပ်ခဲ့သည်။


ဟောပြောပွဲတွင် မြို့နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီဥက္ကဋ္ဌကိုယ်စား ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဇင်ဦးကအဖွင့်အမှာစကားပြောကြားပြီး သာယာဝတီခရိုင်လူမှုဝန်ထမ်းရုံးမှ မြို့နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီအတွင်းရေးမှူး ဒေါ်မို့မို့အေးက"ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေ"နှင့်ပတ်သက်၍ အသိပညာပေး‌ဟောပြောခဲ့ပြီး တက်ရောက်လာသူများက သိလိုသည်များကိုမေးမြန်းကြရာ ပြန်လည်ဖြေကြားဆွေးနွေးခဲ့သည်။


အဆိုပါ‌ဟောပြောပွဲသို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးဦးအောင်ဇင်ဦး၊ သာယာဝတီခရိုင်လူမှုဝန်ထမ်းရုံးမှ ဦးစီးအရာရှိဒေါ်မို့မို့အေး၊ မိုးညိုမြို့နယ် အမျိုးသမီးရေးရာ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်ခက်ခက်အောင်နှင့်အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသူများတက်ရောက်ခဲ့ကြောင်းသိရသည်။


ကိုမင်း

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)