MNP - ဇန်နဝါရီ ၄
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်း အမှတ် နိုင်ငံတော်အလံတင်မင်္ဂလာအခမ်းအနားကို ယနေ့ နံနက် ၄ နာရီမိနစ်၂၀ အချိန်က မြို့နယ်စည်ပင်သာယာရေး ပန်းခြံအတွင်းရှိ လွတ်လပ်ရေးကျောက်တိုင်ရှေ့၌ ကျင်းပပြုလုပ်ခဲ့သည်။
နိုင်ငံတော်အလံတင် မင်္ဂလာအခမ်းအနားကို မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ဦးဆောင်၍ ဆောင်ရွက်ခဲ့ကြပြီး အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇာနည်ကျော်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ ရပ်ကွက် ကျေးရွာအုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ရွှေရည်ဝင်းကျော်
https://t.me/MyanmarNationalPost
No comments:
Post a Comment