မအီမြို့ အမှတ်(၄)ရပ်ကွက်(ပြင်ဝန်း) အလယ်တန်းကျောင်း(ခွဲ)တွင် ပညာရေးစုံညီပွဲတော် ပဒေသာကပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနား စည်ကားသိုက်မြိုက်စွာကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မအီမြို့ အမှတ်(၄)ရပ်ကွက်(ပြင်ဝန်း) အလယ်တန်းကျောင်း(ခွဲ)တွင် ပညာရေးစုံညီပွဲတော် ပဒေသာကပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနား စည်ကားသိုက်မြိုက်စွာကျင်းပ






MNP -  ဇန်နဝါရီ    ၁၂

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့၊ အမှတ်(၄)ရပ်ကွက်(ပြင်ဝန်း) အလယ်တန်းကျောင်း(ခွဲ)တွင် ၂၀၂၂- ၂၀၂၃ ပညာသင်နှစ်၊ ပညာရေးစုံညီပွဲတော် ပဒေသာကပွဲနှင့်  ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့ ညနေပိုင်းက အဆိုပါကျောင်းရှေ့ အားကစားကွင်းတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။


ရှေးဦးစွာ အခမ်းအနားကို အ လ က (ခွဲ) ပြင်ဝန်းကျောင်းမှ တာဝန်ခံကျောင်းအုပ်ဆရာကြီး ဦးထွန်းထွန်းမင်းက အဖွင့်အမှာစကားပြောကြားပြီး အ ထ က(မအီ)ကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးသန်းဝင်းက ပညာရေးစုံညီပွဲတော်ကျင်းပရခြင်း၏ ရည်ရွယ်ချက်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ကျောင်းသားမိဘများ၏ကိုယ်စား ကျောင်းသားမိဘဦးမောင်ဝင်းက ကျေးဇူးတင်စကားပြောကြားပြီး ပညာရေးစုံညီပွဲတော်အထိမ်းအမှတ်အားကစားပြိုင်ပွဲများတွင် ဆုရရှိခဲ့သည့် ကျောင်းသားကျောင်းသူများနှင့် ပညာရည်ချွန်ဆုရရှိခဲ့သည့် ကျောင်းသားကျောင်းသူများအား ဆုချီးမြှင့်ပွဲအခမ်းအနားကို ကျင်းပဆောင်ရွက်ခဲ့သည်။ အဆိုပါ ဆုများကို အခမ်းအနားသို့တက်ရောက်လာကြသည့် မအီနယ်မြေရဲစခန်းမှူး ရဲအုပ်ချစ်ထွန်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပညာရေးမိသားစုမှ ဆရာ/ဆရာမများနှင့် အမှတ်(၄)ရပ်ကွက် ရပ်မိရပ်ဖများက အသီးသီး ဆုချီးမြှင့်ပေးခဲ့ကြသည်။


 ဆက်လက်၍ ပဒေသာကပွဲအစီအစဉ်များကို ဆက်လက်ကျင်းပရာ အ လ က (ခွဲ) ပြင်ဝန်ကျောင်းမှ အထက်တန်း/အလယ်တန်း/မူလတန်းအဆင့် ကျောင်းသား/ကျောင်းသူလေးများက မြန်မာ့ယဉ်ကျေးမှု၊ ရခိုင်ရိုးရာယဉ်ကျေးမှုနှင့် ခေတ်ပေါ်တေးဂီတ အကအလှများဖြင့် ကပြသီဆိုဖျော်ဖြေခဲ့ကြသည်။ ဖော်ပြပါ ပဒေသာကပွဲတွင် ကျောင်းသူကျောင်းသားလေးများ၏ အကအလှဖျော်ဖြေတင်ဆက်မှုများအပေါ် နှစ်သက်သဘောကျပါက မိဘပြည်သူများအနေဖြင့် ဆုချီးမြှင့်ပေးနိုင်ရန် ဆုလက်ခံဌာန ဖွင့်လှစ်ထားရှိပါကြောင်း၊ လက်ခံရရှိသည့် ဆုကြေးငွေများကို ကျောင်းရန်ပုံငွေအဖြစ်ထားရှိပြီး သက်ဆိုင်ရာကျောင်းကော်မတီနှင့်ညှိနှိုင်း၍ ကျောင်းဖွံ့ဖြိုးရေးလုပ်ငန်းများတွင် အသုံးပြုသွားမည်ဖြစ်ပါကြောင်း၊ ကျောင်းရန်ပုံငွေ ရရှိစေရေးအတွက် ကျောင်းတွင်းဆရာ/ဆရာမများ၏ စည်းရုံးမှုဖြင့် ကံစမ်းမဲလက်မှတ်များရောင်းချ၍ မဲဖောက်ပေးမည့် အစီအစဉ်ကိုလည်း ဆောင်ရွက်ထားရှိပါကြောင်း၊ အဆိုပါ ကံစမ်းမဲများကို နောက်တစ်ရက်ညနေပိုင်းတွင် ပညာရေးစုံညီပွဲတော် စင်မြင့်ပေါ်၌ မဲဖောက်ပေးသွားမည် ဖြစ်ပါကြောင်းတို့ကို ဖော်ပြပါ အ လ က (ခွဲ) ပြင်ဝန်းကျောင်းမှ တာဝန်ခံကျောင်းအုပ်ဆရာကြီး ဦးထွန်းထွန်းမင်းက ပြောကြားခဲ့သည်။


မောင်မောင်ဌေး

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)