နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များနှင့် ပြည်ထောင်စုဝန်ကြီးများ ကယားပြည်နယ် အတွင်းရှိ ယာယီနေရပ်စွန့်ခွာသူ ပြည်သူများအား တွေ့ဆုံအားပေးပြီး အခြေခံစားကုန်များ ထောက်ပံ့ပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များနှင့် ပြည်ထောင်စုဝန်ကြီးများ ကယားပြည်နယ် အတွင်းရှိ ယာယီနေရပ်စွန့်ခွာသူ ပြည်သူများအား တွေ့ဆုံအားပေးပြီး အခြေခံစားကုန်များ ထောက်ပံ့ပေးအပ်




MNP  -  ဇန်နဝါရီ ၁၃

၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁၅ ရက်တွင်ကျရောက်မည့် (၇၁) နှစ်မြောက် ကယားပြည်နယ်နေ့ အခမ်းအနား သို့တက်ရောက်ရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များနှင့် ပြည်ထောင်စုဝန်ကြီးများသည် ယနေ့မွန်းလွဲပိုင်းတွင် တပ်မတော်လေယာဉ်ဖြင့် လွိုင်ကော်လေဆိပ်သို့ရောက်ရှိကြရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်လှမိုး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများနှင့်အတူ ကယားတိုင်းရင်းသားရိုးရာ ယဉ်ကျေးမှု အကအဖွဲ့များ၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူငယ်များ သင်တန်းကျောင်းမှ ကျောင်းသား တို့က အကအလှများဖြင့် နွေးထွေးစွာ ကြိုဆိုနှုတ်ဆက်ကြသည်။


ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များဖြစ်ကြသည့် စောဒန်နီယယ်၊ ဦးစိုင်းလုံး ဆိုင်၊ ဦးရွှေကြိမ်း၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဦးစောထွန်း အောင်မြင့်၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် လှမိုး၊ ဒုတိယဝန်ကြီး ဒေါက်တာ အောင်ဇေယျ၊ ဒေါက်တာ အေးထွန်းနှင့် တာဝန်ရှိသူတို့သည် လွိုင်ကော်မြို့ခရစ်တော်ဘုရင် ဗဟိုဘုရားကျောင်းသို့သွားရောက်ပြီး လွိုင်ကော်ကက်သလစ် သာသနာမှ ကျောင်းထိုင်ဘုန်းတော်ကြီးများနှင့် ဘုရားကျောင်းတွင် ယာယီနေထိုင်လျက်ရှိသည့် ကယားပြည်နယ်အတွင်းရှိ ယာယီနေရပ်စွန့်ခွာသူ ပြည်သူများကို ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက် အားပေးစကားပြောကြားပြီး ယာယီနေရပ် စွန့်ခွာသူပြည်သူများအား အခြေခံစားကုန်များဖြစ်သော ဆန်၊ ဆီ၊ ဆား စသည့်ပစ္စည်းများကို ထောက်ပံ့ပေးအပ်သည်။


ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများသည် ဥတ္တရာရုံဘုန်းတော်ကြီးကျောင်းသို့သွားရောက်၍ ဥတ္တရာရုံဘုန်းတော်ကြီး ကျောင်းဆရာတော် ဘဒ္ဒန္တ ဇိနောဘာသအား ဖူးမြော်ကြည်ညိုပြီးလှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။


ထို့နောက် ဘုန်းတော်ကြီးကျောင်းရှိ ယာယီနေရပ်စွန့်ခွာသူ ပြည်သူများကို ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက် အားပေးစကားပြောကြားပြီး အခြေခံစားကုန်များဖြစ်သော ဆန်၊ ဆီ၊ ဆား ပစ္စည်းများကို ထောက်ပံ့ပေးအပ်သည်။


(၇၁) နှစ်မြောက် ကယားပြည်နယ်နေ့ အခမ်းအနားကို ကယားပြည်နယ် အစိုးရအဖွဲ့ကဦးဆောင်ပြီး ဇန်နဝါရီ ၁၅ ရက်တွင် လွိုင်ကော်မြို့ ကယားပြည်နယ်ခန်းမ၌ ကယားပြည်နယ်နေ့ မုခ်ဦးဖွင့်ပွဲ၊ သဝဏ်လွှာဖတ်ပွဲနှင့် လူထုအခမ်းအနား၊ ဂုဏ်ထူးဆောင်ဆုများချီးမြှင့်ခြင်း အခမ်းအနားတို့ကို ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ပြည်နယ်နေ့ကို ဂုဏ်ပြုကြိုဆိုသည့်အနေဖြင့် လွိုင်ကော်မြို့ ဦးသီရိကတ္တရာ ကွန်ကရစ်လမ်းနှင့် မင်းကျောင်းကတ္တရာကွန်ကရစ်လမ်းဖွင့်ပွဲများ၊ ပြည်နယ်အားကစားကွင်းအတွင်း မီတာ ၄၀၀ Synthetic ဖွင့်ပွဲ၊ ကိုယ်ကာယလေ့ကျင့်ရေး အားကစားခန်းမဖွင့်ပွဲ၊ ဌာနဆိုင်ရာပြခန်းဖွင့်ပွဲတို့ဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)