ငပလီမြို့တွင်(၇၅)နှစ်မြောက်စိန်ရတု လွတ်လပ်ရေးနေ့ အထိမ်းအမှတ်(အကြို)နံရံ ကပ်စာစောင်နှင့်စာအုပ်စာစောင်ပြပွဲများ ပြုလုပ်ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ငပလီမြို့တွင်(၇၅)နှစ်မြောက်စိန်ရတု လွတ်လပ်ရေးနေ့ အထိမ်းအမှတ်(အကြို)နံရံ ကပ်စာစောင်နှင့်စာအုပ်စာစောင်ပြပွဲများ ပြုလုပ်ဆောင်ရွက်




MNP  -  ဇန်နဝါရီ   ၂

      ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ငပလီမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနမှ(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် (အကြို) နံရံကပ်စာစောင်နှင့်စာအုပ်စာစောင်ပြပွဲကို ယနေ့နံနက် (၁၀း၃၀)တွင် အ.မ.က ငပလီကျောင်းတွင်ပြုလုပ်ကြသည်။


      ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်မြင့်မြင့်အေးမှ ကျောင်းသား/သူလေးများအား မြန်မာ့လွတ်လပ်ရေး ဗိသုကာ ဖခင်ကြီးဗိုလ်ချုပ်အောင်ဆန်း၏ လွတ်လပ်ရေးရ ရှိအောင်ကြိုးပမ်းဆောင်ရွက်ခဲ့ပုံ၊လွတ်လပ်ရေး၏အရသာ၊လွတ်လပ်ရေးကိုအဓွန့်ရှည်တည်တံ့အောင် ထိန်းသိမ်းစောင့်ရှောက်ခဲ့ကြပုံများကို ရှင်းလင်းပြောကြားသည်။


      အဆိုပါ (၇၅)နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ အထိန်းအမှတ်အကြို နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြပွဲကို ငပလီမြို့ရှိ အမက ကျောင်းမှ ကျောင်းသား /သူ များမှစိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာကြကြောင်းသိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)