မင်ဘူးမြို့ သမိုင်းဝင် ရှင်ပင်စက္ကိန်းတဲ စေတီတော်မြတ်ကြီ၏ ဗုဒ္ဓပူဇနိယပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မင်ဘူးမြို့ သမိုင်းဝင် ရှင်ပင်စက္ကိန်းတဲ စေတီတော်မြတ်ကြီ၏ ဗုဒ္ဓပူဇနိယပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပ




MNP   -  ဇန်နဝါရီ ၁၉

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့ အမှတ် (၁) ရပ်ကွက်ရှိ သမိုင်းဝင် ရှင်ပင်စက္ကိန်းတဲ စေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်အား ပိုက်ကျော်ခြင်း၊ ဘော်လီဘော၊ ထုတ်စည်းထိုး ချောတိုင်တက်ပွဲများနှင့် စတိတ်ရှိုး အငြိမ့်ပွဲများပါ ထည့်သွင်း ကျင်းပလျက်ရှိပြီး စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိကြောင်း စက္ကိန်းတဲဘုရား ဘဏ္ဍာထိန်း ဂေါပကဥက္ကဋ္ဌ ဦးကျော်သိန်းထံမှ သိရသည်။


အဆိုပါ သမိုင်းဝင် ရှင်ပင်စက္ကိန်းတဲ ဗုဒ္ဓပူဇနိယပွဲတော်အား ၁၉၇၁၊ ၁၉၇၂၊ ၁၉၇၃ ခုနှစ်များနှင့် ၂၀၁၆ ခုနှစ်များတွင် ပျော်ပွဲရွှင်ပွဲများ၊ လှေသဘင်ပွဲများဖြင့် ခြိမ့်ခြိမ့်သဲ ကျင်းပခဲ့ပြီး နောက်ပိုင်းကာလများတွင် ကျင်းပနိုင်ခြင်းမရှိတော့ဘဲ ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁၃ ရက်မှ ၁၅ ရက်အထိ အကြိုဓမ္မသဘင်ပွဲ၊ ၁၆ ရက်နေ့မှ ၂၀ ရက်နေ့အထိ ပဌာန်းမြတ် ရွတ်ဖတ်ပူဇော်ပွဲနှင့် အားကစားပွဲများ၊ ၂၀ ရက်နေ့ နေ့လယ် ၂ နာရီတွင် ဆရာတော်၊ သံဃာတော်များအား ဆွမ်းဆန်စိမ်းလောင်းလှူပွဲနှင့် ညပိုင်းတွင် ဂီတစက်ဝိုင်း တေးဂီတဖျော်ဖြေပွဲ၊ ၂၁၊ ၂၂ နေ့၊ ညများတွင် ရေကြည်ချမ်းမြ အငြိမ့်ပွဲများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမှာဖြစ်သကဲ့သို့ ယခုရက်ပိုင်းတွင်လည်း အားကစားပွဲများ ကြည့်ရှုအားပေးသူ ဘုရားဖူးသူများဖြင့် စည်ကားလျက်ရှိကြောင်း စက္ကိန်းတဲ ဂေါပကအဖွဲ့ထံမှ သိရသည်။


ဇေယျာထက်

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)