သုံးခွမြို့နယ် လက်ပန်အရှေ့အမက(မူလွန်) ကျောင်းတွင် မူးယစ်ဆေးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကွင်းဆင်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သုံးခွမြို့နယ် လက်ပန်အရှေ့အမက(မူလွန်) ကျောင်းတွင် မူးယစ်ဆေးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကွင်းဆင်းဆောင်ရွက်



MNP   -   ဇန်နဝါရီ ၂၀

ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် သုံးခွမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အ‌ခြေခံပညာ‌ဦးစီးဌာနတို့ ပူးပေါင်း၍ မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့နံနက် ၁၁နာရီအချိန်က လက်ပန်အရှေ့အမက(မူလွန်) ကျောင်း၌ကျင်းပခဲ့သည်။


အဆိုပါ အသိပညာပေးဟောပြောပွဲတွင် လက်ပန်ကျေးရွာ အမက(မူလွန်)ကျောင်းအုပ်ဆရာကြီး ဦးဇော်မျိုးသူက အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ  ဒုတိယဦးစီးမှူး ဒေါ်လှိုင်သူဇာက ဆေးလိပ်အစမှုးယစ်ကဆိုသည့်အတိုင်း ဆေးလိပ်ကိုစမ်း၍ ပင်မသုံးစွဲသင့်ပါကြောင်း၊ ဆေးလိပ်ကိုစတင်‌သုံးစွဲရာမှစ၍ မူးယစ်ဆေးဝါးကိုပါ ဆက်လက်သုံးစွဲလာတတ်ပါကြောင်း၊ မူးယစ်ဆေးဝါးကိုသုံးစွဲမိလိုက်သည်နှင့် ဖြတ်မရအောင် စွဲလန်းတတ်သည့်အတွက် မသုံးစွဲကြပါစေလိုကြောင်း၊ မူးယစ်‌ဆေးသုံးစွဲခြင်းကြောင့် ရရှိလာမည့် ဆိုးကျိုးများအကြောင်းနှင့်  စာပေဖတ်ရှုခြင်းဖြင့်ရရှိမည့် အကျိုးကျေးဇူးများအ‌ကြောင်းတို့ကို ကျောင်းသား/ သူများအား အကျယ်တဝင့် ရှင်းလင်းဟော ပြောခဲ့ပါသည်။


ထို့နောက်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော မူးယစ်‌ဆေးဝါး၏ဆိုးကျိုးအန္တရာယ်များ၊ မူးယစ်‌‌ဆေးဝါးအမျိုးအစားများ၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အသိပညာပေးစာစောင်၊ လူကုန်ကူးမှုအသိပညာပေးစာစောင်များနှင့် ၂၀၂၂-၂၀၂၃ ခုနှစ်ပညာရေး ဆိုင်ရာကိစ္စရပ်အကြောင်းသိ‌ကောင်းစရာ နံရံကပ်စာစောင်များနှင် ဗဟုသုတရရှိ‌စေမည့် သုတ၊ ရသစာအုပ်များကို ဆရာ ဆရာမများ၊ ကျောင်းသား/ သူ(၁၃၇)ဦးတို့က စိတ်ပါ၀င်စားစွာ ဖတ်ရှုလေ့လာကြကြောင်း သိရသည်။


စည်သူလင်း 

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)