သာယာဝတီမြို့နယ်၌ ကောက်စိုက်စက်ဖြင့် နွေစပါးလက်တွေ့စိုက်ပျိုး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သာယာဝတီမြို့နယ်၌ ကောက်စိုက်စက်ဖြင့် နွေစပါးလက်တွေ့စိုက်ပျိုး


MNP  -     ဇန်နဝါရီ ၁၉

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်၊ စက်မှုလယ်ယာဦးစီးဌာနမှ UMG ကုမ္ပဏီနှင့်ပူးပေါင်း၍ တောင်သူများစပါးစိုက်ပျိုးရာတွင် စက်စွမ်းအားအသုံးပြုကာ စပါးအထွက်နှုန်းများ တိုးတက်လာစေရန်အတွက် ဒေသခံတောင်သူများအား (6 Roll Kubota Rice Transplanter) ကောက်စိုက်စက်ကိုအသုံးပြုကာ နွေစပါးစိုက်ပျိုးခြင်းကို ညောင်ဝိုင်းအုပ်စု၊ တောင်သူဦးကျော်နိုင်၏လယ်တွင် နွေစပါးစိုက်ဧက ၅ ဧကစံပြကွက်အား ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။


​ကောက်စိုက်စက်ဖြင့်​ နွေစပါးစိုက်ပျိုးရာတွင် စက်မှုလယ်ယာဦးစီးဌာန ခရိုင်ဦးစီးဌာနမှူးဦးဝင်းသန့်နှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှူးဦးသန်းထွန်းအောင်တို့ အနီးကပ်ကြီးကြပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


သန့်ဇော်

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)