MNP - ဇန်နဝါရီ ၁၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်တွင် ဝေးလံသောတောင်ပေါ်ကျေးရွာရှိ အခြေခံပညာကျောင်းများတွင် ကျောင်းအခြေပြု မီးဘေးလုံခြုံရေး အသိပညာပေးလုပ်ငန်းများကို ယမန်နေ့နံနက်ပိုင်းက ဝမ်ခုတ်ကျေးရွာအုပ်စုရှိ ပင်းကွေကျေးရွာနှင့် ဖာလိုင်းကျေးရွာ အခြေခံပညာမူလတန်းကျောင်းတို့တွင် အသိပညာပေး ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် မိုင်းခတ်မြို့နယ်၊ မီးသတ်ဦးစီးဌာနမှ ဒုဦးစီးမှူးဦးစိုင်းဇင်ကိုလတ်က မီးဘေးအန္တရာယ်ကင်းဝေးရေး ရှောင်ရှားရမည့်နည်းလမ်းများနှင့် မီးအေးအန္တရာယ်ကျရောက်ပါက လိုက်နာဆောင်ရွက်ရမည့် နည်းလမ်းအချက်များကို အသိပညာပေး ဟောပြောပြီး ပင်းကွေကျေးရွာနှင့် ဖာလိုင်းကျေးရွာရှိ အခြေခံပညာမူလတန်းကျောင်းမှ ဆရာ၊ ဆရာမများ၊ ကျောင်းသား/ကျောင်းသူများနှင့်အတူ မီးဘေးသရုပ်ပြ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment