စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့တွင် ၂၀၂၃ ခုနှစ်၊ နာဂရိုးရာနှစ်သစ်ကူးပွဲတော် မုမ်ဦးဖွင့်ပွဲ အခမ်းအနား ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့တွင် ၂၀၂၃ ခုနှစ်၊ နာဂရိုးရာနှစ်သစ်ကူးပွဲတော် မုမ်ဦးဖွင့်ပွဲ အခမ်းအနား ကျင်းပ



MNP  -   ဇန်နဝါရီ ၁၅

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုင်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့ ၂၀၂၃ ခုနှစ်၊ နာဂ ရိုးရာနှစ်သစ်ကူးပွဲတော် မုဒ်ဦးဖွင့်ပွဲတော်ဖွင့်ပွဲ အခမ်းအနားကို ဇန်နဝါရီလ ၁၄ ရက်၊ နံနက်ပိုင်းတွင် နာဂကိုင်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့၊ ရွှေပြည်အေး အားကစားကွင်းတွင် ကျင်းပရာ  အခမ်းအနားသို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်သန်းထိုက်၊ တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ နာဂဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်း၊ နာဂရိုးရာစာပေနှင့် ယဉ်ကျေးမှုကော်မတီ(ဗဟို)နာယက ဦးရှုစံကြူး၊ နာဂရိုးရာစာပေနှင့် ယဉ်ကျေးမှုကော်မတီ လဟယ် (နာယက) ဦးမောင်ဉာဏ်၊ တပ်မတော်အရာရှိကြီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်များ၊ နာဂဒေသခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် မြို့မိမြို့ဖများ၊ နာဂတိုင်းရင်းသားရိုးရာ အကအဖွဲ့များ တက်ရောက်ကြသည်။


ရှေးဦးစွာ အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်သန်းထိုက်၊ တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုး၊ နာဂဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်း၊ နာဂရိုးရာစာပေနှင့် ယဉ်ကျေးမှုကော်မတီ(ဗဟို) နာယက ဦးရှုစံကြူး၊ နာဂရိုးရာစာပေနှင့် ယဉ်ကျေးမှူကော်မတီ လဟယ်(နာယက) ဦးမောင်ဉာဏ်တို့က အခမ်းအနားအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။


ယင်းနောက် တိုင်းမှူးနှင့် တာဝန်ရှိသူများက တံခွန်တိုင်အားကွင်းအတွင်း တစ်ပတ်လှည့်လည်ပြီးစိုက်ထူ၍ ဆုတောင်းတိုက်စိုက်ထူနေမှုအား ကြည့်ရှုအားပေးကာ ပန်တုန်းထု၍ နာဂနှစ်သစ်ကူးပွဲတော်ဖွင့်ပွဲတော် အထိမ်းအမှတ် အားကစားပြိုင်ပွဲများ ယှဉ်ပြိုင်နေမှုများအား ကြည့်ရှုအားပေးပြီး ဂုဏ်ပြုဆုငွေများပေးအပ်ချီးမြှင့်ကာ ပြခန်းများအား လိုက်လံကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)