ဒေါပုံမြို့နယ်တွင် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌဖလား ရပ်ကွက်ပေါင်းစုံ (လူသစ်တန်း) ပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်လှစ်ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒေါပုံမြို့နယ်တွင် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌဖလား ရပ်ကွက်ပေါင်းစုံ (လူသစ်တန်း) ပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်လှစ်ကျင်းပ



MNP   -   ဇန်နဝါရီ ၁

ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် ဒေါပုံမြို့နယ် အားကစားနှင့်ကာယပညာကော်မတီ ဥက္ကဋ္ဌဖလား ရပ်ကွက်ပေါင်းစုံ (လူသစ်တန်း) ပိုက်ကျော်ခြင်းပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီအချိန်က မြို့နယ်အားကစားခန်းမတွင် စတင်ကျင်းပခဲ့ပါသည်။


ရှေးဦးစွာ မြို့နယ်အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်မင်းအေးက အဖွင့်အမှာစကားအဖြစ် အားကစားသည် နိုင်ငံ့ဂုဏ်ဆောင်နိုင်သည့် ကဏ္ဍတစ်ရပ်ဖြစ်သည်နှင့်အညီ လူငယ်များမှ အားကစားသမားကောင်းများ ဖြစ်ထွန်း ပေါ်ပေါက်လာစေရေးအတွက် ယခုလိုပြိုင်ပွဲများ ကျင်းပ ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း၊ ပြိုင်ပွဲကို အားကစားစိတ်ဓာတ်အပြည့်ဖြင့် ဝင်ရောက်ယှဉ်ပြိုင်ကြစေလိုပါကြောင်း စသည်ဖြင့် ပြောကြားပါသည်။ ထို့နောက် ပိုက်ကျော်ခြင်းပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် အားကစားသမားများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူများက လိုက်လံနှုတ်ဆက်ပြီး အားပေးစကားများ ပြောကြားခဲ့ပါသည်။


ထို့နောက် ပိုက်ကျော်ခြင်းပြိုင်ပွဲကို ဆက်လက်ကျင်းပခဲ့ရာ အုပ်စု (က)တွင် ၄ သင်းနှင့် အုပ်စု (ခ) တွင် ၃ သင်း၊ စုစုပေါင်း ၇ သင်းတို့က ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါသည်။ အုပ်စုပွဲစဉ်ပထမနေ့တွင် ပွဲစဉ် ၅ ခုနှင့် ဒုတိယနေ့တွင် ပွဲစဉ်၄ ခုကိုလည်းကောင်း ဆီမီးဖိုင်နယ်တွင် ပွဲစဉ် ၂ ခုကိုလည်းကောင်းယှဉ်ပြိုင် ကစားကြရမည် ဖြစ်ပါသည်။ ဇန်နဝါရီ ၄ ရက်နေ့တွင် ဗိုလ်လုပွဲနှင့် တတိယလုပွဲတို့ကို ယှဉ်ပြိုင်ကစားရမည်ဖြစ်ပြီး ဆုရရှိသည့် အသင်းအား (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် ဒေါပုံမြို့နယ်အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌဖလားအား ထိုက်ထိုက်တန်တန် ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်းလည်း တာဝန်ရှိသူများထံမှ သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)