ကျောက်ဖြူအကျဉ်းထောင်မှ လွတ်ငြိမ်းသက်သာခွင့်ဖြင့် အကျဉ်းသား၊အကျဉ်းသူ(၂၄) ဦးလွှတ်ပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်ဖြူအကျဉ်းထောင်မှ လွတ်ငြိမ်းသက်သာခွင့်ဖြင့် အကျဉ်းသား၊အကျဉ်းသူ(၂၄) ဦးလွှတ်ပေး




MNP  -  ဇန်နဝါရီ  ၄

ရခိုင်ပြည်နယ်၊ ကျောက်ဖြူအကျဉ်းထောင်တွင် ပစ်ဒဏ်ကျခံနေရသည့် အကျဉ်းသား/အကျဉ်းသူ (၂၄)ဦးအား နိုင်ငံတော်လွတ်ငြိမ်းသက်သာခွင့်အရ လွှတ်ပေးသည့်အခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းက အဆိုပါ အကျဉ်းထောင်၌ ကျင်းပပြုလုပ်သည်။


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဉက္ကဋ္ဌသည် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက် သည့် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်နေ့အားဖြင့်လည်းကောင်း၊ ပြည်သူလူထုနှလုံး စိတ်ဝမ်းအေးချမ်းစေရေးနှင့် လူမှုရေးအရငဲ့ညှာထောက်ထားသောအားဖြင့်လည်းကောင်း နိုင်ငံတော်၏ မေတ္တာနှင့်စေတနာကိုနားလည်စေရန် ရှေးရှုသောအားဖြင့်လည်းကောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ၏ အမိန့်အမှတ် ၁/၂၀၂၃ ဖြင့် အကျဉ်းထောင်/ အချုပ်ထောင်/ စခန်းအသီးသီးတွင် ပစ်ဒဏ်ကျခံနေရသည့် အကျဉ်းသား/သူ(၇၀၁၂)ဦးတို့အား ရာဇဝတ်ကျင့်ထုံးဉပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ(၁)အရ  ပြစ်ဒဏ်များကို လျှော့ ပေါ့၍ လွတ်ငြိမ်းချမ်းသာခွင့်ပြုခဲ့ရာ ရခိုင်ပြည်နယ်၊ ကျောက်ဖြူအကျဉ်းထောင်မှ နိုင်ငံတော်လွတ်ငြိမ်းသက် သာခွင့်အရ အကျဉ်းကျခံနေရသည့် အကျဉ်းသား ၊ အကျဉ်းသူ(၂၄)ဦးတို့အား  ယနေ့ မွန်းလွဲ(၂)နာရီက လွှတ် ပေးလိုက်သည်။ 


နိုင်ငံတော်လွတ်ငြိမ်းသက်သာခွင့်အရ လွှတ်ပေးသည့် အခမ်းအနားတွင် ကျောက်ဖြူခရိုင်စီမံအုပ် ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲလင်းမောင်နှင့် ဒုတိယခရိုင်ရဲတပ်ဖွဲ့မှူး  ရဲမှူး  မြင့်လွင်တို့က လွတ်မြောက်လာသည့် အကျဉ်းသား/သူများကို ဆုံးမဩဝါဒစကားပြောကြားခဲ့သည်။ ထို့နောက် အကျဉ်းဦးစီးဌာန၊ ကျောက်ဖြူ အကျဉ်းထောင် တာဝန်ခံအရာရှိ လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်ဦးမှ လွတ်ငြိမ်းချမ်းသာခွင့်အရ အကျဉ်းသားများလွှတ်ပေးခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး တာဝန်ရှိသူများက လွတ်ငြိမ်းချမ်း သာခွင့်ရရှိသူများအား လွတ်လက်မှတ်၊ စားစရိတ်၊ခရီးစရိတ်များနှင့် ဆေးထောက်ခံစာများအား ပေးအပ်ခဲ့ ကြောင်းသိရသည်။ 


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)