ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန် ကချင်ပြည်နယ်အတွင်း လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနေမှုနှင့် ပတ်သက်၍ ဝန်ကြီးဌာနအောက်ရှိ အရာထမ်း/အမှုထမ်းဝန်ထမ်းများနှင့် တွေ့ဆုံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန် ကချင်ပြည်နယ်အတွင်း လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနေမှုနှင့် ပတ်သက်၍ ဝန်ကြီးဌာနအောက်ရှိ အရာထမ်း/အမှုထမ်းဝန်ထမ်းများနှင့် တွေ့ဆုံ


MNP  -  ဇန်နဝါရီ ၉

လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်သည် ဌာနဆိုင်ရာအကြီးအကဲများနှင့်အတူ ယနေ့မွန်းလွဲ ၁ နာရီတွင် ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ ပြည်နယ် လျှပ်စစ်အင်ဂျင် နီယာရုံးတွင် ပြည်နယ်အတွင်း လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနေမှုနှင့် ပတ်သက်၍ ပြည်နယ်အတွင်းရှိ အရာထမ်း၊ အမှုထမ်းများနှင့် ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်သည်။


အဆိုပါ တွေ့ဆုံညှိနှိုင်းအစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးနှင့်အတူ ကချင်ပြည်နယ် အစိုးရအဖွဲ့ဝင် ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်၊ ကချင်ပြည်နယ်အတွင်းရှိ ပြည်နယ်/ခရိုင်/မြို့နယ် လျှပ်စစ်အင်ဂျင်နီယာများ၊ မြို့နယ်လျှပ်စစ်မှူးများ၊ လျှပ်စစ်ဓာတ်အားခွဲရုံမှူးများ၊ ရေအားလျှပ်စစ် အကောင်အထည်ဖော်ရေးဦးစီးဌာန၊ အမှတ်(၂) တည်ဆောက်ရေး၊ လက်ထောက်ညွှန်ကြားရေးမှူး (မြို့ပြ) (၄)ရုံးမှ ဝန်ထမ်းများ၊ ချီဖွေငယ်ရေအားလျှပ်စစ် စက်ရုံမှူး၊ မဟာဓာတ်အားလိုင်းမှူး (ဝိုင်းမော်)၊ ဝိုင်းမော်ပင်မဓာတ်အားခွဲရုံမှူးနှင့် ဝန်ထမ်းများတက်ရောက်ကြသည်။


ရှေးဦးစွာ ပြည်နယ်လျှပ်စစ် အင်ဂျင်နီယာက ပြည်နယ်အတွင်း လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနေမှု၊ ဓာတ်အားပျောက်ဆုံးမှုနှင့် ဓာတ်အားပြတ်တောက်မှုလျော့နည်း ကျဆင်းစေရေး ဆောင်ရွက်ထားရှိမှု၊ ဘဏ္ဍာရေးနှစ်အလိုက် ဆောင်ရွက်သွားမည့် လုပ်ငန်းများနှင့် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းအစီအမံများကို ရှင်းလင်းတင်ပြသည်။


ရှင်းလင်း တင်ပြမှုများနှင့် စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးက ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လျှပ်စစ်မီးရရှိရေးသည် အဓိကကျသဖြင့် ပြည်သူများ၏ လူမှုစီးပွားဘဝများ မြင့်မားတိုးတက်လာစေရန် လိုအပ်နေသည့် လျှပ်စစ်ဓာတ်အားကို တိုးတက် ထုတ်လုပ်ပေးနိုင်ရေး စီမံဆောင်ရွက်လျက် ရှိပါကြောင်း၊ တစ်ဖက်တွင်လည်း NUG လက်ဝေခံ PDF အမည်ခံ အကြမ်းဖက်သမားများက ဖျက်ဆီးထားသော လျှပ်စစ်ဓာတ်အား လိုင်းများကိုလည်း ပြုပြင်ဆောင် ရွက်နိုင်ရေး စီမံဆောင်ရွက်လျက် ရှိပါကြောင်း၊ ယခုကာလမှစတင်၍ လာမည့် နွေရာသီကာလအထိ လျှပ်စစ်ဓာတ်အားကို စဉ်ဆက်မပြတ် ဖြန့်ဖြူးပေးနိုင်ရေးဆည်များသို့ ဝင်ရောက်နေသည့် ရေများကို စနစ်တကျသိုလှောင် ၍ ထိန်းသိမ်းမောင်းနှင်ပေးလျက် ရှိပါကြောင်း၊ ယခုအချိန်ကာလတွင် လျှပ်စစ်ဓာတ်အား ထုတ်လုပ် မှုနှင့် သုံးစွဲမှုမမျှတသည့်အတွက် ခွဲဝေရရှိသည့် ဓာတ်အားကို မျှတစွာ ခွဲဝေဖြန့်ဖြူးသွားရန် လိုအပ်ပါကြောင်း၊ မီးသုံးစွဲသူ ပြည်သူများမှ မိမိတို့ရရှိသည့်အချိန်ကို ကြိုတင်သိရှိပြင်ဆင်နိုင်ရန် ကျယ်ကျယ်ပြန့်ပြန့် ကြိုတင်အသိပေး ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ ဓာတ်အား ပျောက်ဆုံးမှုနှင့် ဓာတ်အားပြတ်တောက်မှု လျော့နည်းကျဆင်းရေး၊ လျှပ်စစ်ဓာတ်အားခ ကျသင့်ငွေများ အပြည့်အဝကောက်ခံရရှိစေရေး ပြည်နယ်/ခရိုင်/မြို့နယ် လျှပ်စစ်အင်ဂျင်နီယာများ၊ ဘဏ္ဍာရေးတာဝန်ခံများက ဆောင်ရွက်သွားရန်နှင့် မီတာဖတ်ခြင်း၊ မီတာဘေလ်ဝေခြင်းနှင့် ဓာတ်အားခကောက်ခံခြင်းလုပ်ငန်းများကို တက်ညီလက်ညီ ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြရန်၊ ပြည်သူများဓာတ်အားပြည့်ဝစွာ သုံးစွဲနိုင်ရန်အတွက် ဓာတ်အားပေး စက်ရုံများ၊ ဓာတ်အားခွဲရုံများနှင့် ဓာတ်အားလိုင်းများအား ကြံ့ခိုင် ကောင်းမွန်စေရေး စဉ်ဆက်မပြတ် စစ်ဆေးဆောင်ရွက်သွားရန်၊ လျှပ်စစ်ဓာတ်အားများကို တရားမဝင်နည်းလမ်းများဖြင့် ရယူသုံးစွဲမှုမရှိစေရေး ကြပ်မတ်ဆောင်ရွက်သွားရန်၊ မိမိတို့စက်ရုံ၊ ဓာတ်အားခွဲရုံ၊ ရုံးအဆောက်အဦနှင့် တာဝန်ထမ်းဆောင်သည့် နေရာဒေသအနီးပတ်ဝန်းကျင်တို့တွင် လုံခြုံရေးတာဝန်များ စနစ်တကျချထားပြီး လစ်ဟာမှုမရှိစေရေး ဆောင်ရွက်သွားရန်၊ လုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်း လုံခြုံရေးအသိ၊ လုံခြုံရေးသတိအမြဲရှိစေရေး အထူးဂရုပြုဆောင်ရွက်သွားရန်နှင့် မိမိတို့ဝန်ကြီးဌာန၏ ရည်မှန်းချက်များ အောင်မြင်အောင် စေတနာထား၍ ဝိုင်းဝန်းဆောင်ရွက်သွားကြရန် တိုက်တွန်းမှာကြားပြီး ပြည်နယ်အတွင်းရှိ ဝန်ထမ်းများအတွက် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)