ဂွမြို့ ရဟိုင်ကူးတို့ ကျေးရွာတွင် နှစ်သစ်ကူး တရားပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဂွမြို့ ရဟိုင်ကူးတို့ ကျေးရွာတွင် နှစ်သစ်ကူး တရားပွဲကျင်းပ




MNP  -   ဇန်နဝါရီ   ၂

ရခိုင်ပြည်နယ်၊ ဂွမြို့၊ ရဟိုင်ကူးတို့ကျေးရွာတွင်  နှစ်ဟောင်းကုန်ဆုံး၍ ၂၀၂၃-ခုနှစ်သို့ ရောက်ရှိသည့် ကမ္ဘာ့နှစ်သစ်ဦး မင်္ဂလာရှိသော နေ့ထူးနေ့မြတ်တွင်  နိုင်ငံသူ၊ နိုင်ငံသားများနှင့် ကမ္ဘာသူ၊ ကမ္ဘာသားအားလုံး ဘေးဥပါဒ်အန္တရာယ် ရန်စွယ် ဟူသမျှ၊ အနှောင့်အယှက်ဟူသမျှ ကင်းစင်ပပျောက်၍ လိုရာဆန္ဒအဝဝတို့ ပြည့်စုံကြစေရန် ရည်ရွယ်၍ မိုးကုတ်ဝိပသနာ ကမ္မဌာနစရိယဆရာတော်အရှင်ကေလာသ (ခင်ဦး)က နှစ်သစ်ကူးတရားတော်ကိုရဟိုင်ကူးတို့ ကျေးရွာ၊ ခမောင်းကွင်းကျောင်းတိုက် ဓမ္မဗိမာန်၌ယမန်နေ့ညပိုင်းက ဟောကြား​တော်မူခဲ့ကြောင်း သိရသည်။


မင်္ဂလာရှိသော နေ့ထူးနေ့မြတ်တွင် ဟောကြားတော်မူခဲ့သည့် နှစ်သစ်ကူးတရားတော်အား ရဟိုင်ကူးကျေးရွာရှိ ပြည်သူများနှင့် အနီးပတ်ဝန်းကျင်ကျေးရွာရှိ ပြည်သူများ လာရောက် နာကြားခဲ့ကြကြောင်း သိရသည်။


ရွှေရည်ဝင်းကျော်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)