MNP - ဇန်နဝါရီ ၁၂
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ မင်းကင်းမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများသည် ယမန်နေ့နံနက် ၈ နာရီက ကံအုပ်စု၊ ဆည်ချောင်းကျေးရွာ တောင်သူ ဦးဉာဏ်ဝင်း၏စုစိုက်ခင်း၌ တောင်သူများအား ရေဆင်း(၁)စပ်မျိုးနေကြာမျိုးစေ့ထုတ် စံပြကွက်စိုက်စံနစ်ကွင်းပြပွဲပြုလုပ် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ထိုသို့ စံပြကွက်စိုက်စံနစ်ကွင်းပြပွဲတွင် မင်းကင်းမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ခင်မို့မို့က နေကြာမျိုးစေ့ထုတ်စိုက်နည်းစနစ်များ၊ သဘာဝပိုးသတ်ဆေးအသုံးပြုခြင်းနှင့် ဆီထွက်သီးနှံတိုးချဲ့စိုက်ပျိုးခြင်းဆိုင်ရာများကို ရှင်းလင်းပြောကြားပြီးနောက် စိုက်ပျိုးရေးဝန်ထမ်းများက ဆောင်းနေကြာရေဆင်းစပ်မျိုး(၁)မျိုးစေ့ထုတ်စံပြကွက် စိုက်စံနစ်ကို လက်တွေ့ပြသဆောင်ရွက်ခဲ့သည်။
အဆိုပါ ဆောင်းနေကြာရေဆင်းစပ်မျိုး (၁)မျိုးစေ့ထုတ်စံပြကွက် စိုက်စံနစ်ကွင်းသို့ စိုက်ပျိုးရေးဝန်ထမ်းများ၊ ကျောက်အိုးကျေးရွာမှ SMU အဖွဲ့များနှင့် တောင်သူများ စုစုပေါင်း(၄၄)ဦးတို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment