လောင်းလုံးမြို့နယ်၌ ကြက်/ဝက်မွေးမြူထုတ်လုပ်ရေးသင်တန်း ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လောင်းလုံးမြို့နယ်၌ ကြက်/ဝက်မွေးမြူထုတ်လုပ်ရေးသင်တန်း ကျင်းပ


MNP  -   ဇန်နဝါရီ ၂၀

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင် ၊လောင်းလုံးမြို့နယ်တွင် ယနေ့ နံနက် ၁၀ နာရီအချိန်က မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသော ကြက်/ ဝက်မွေးမြူထုတ်လုပ်ရေး သင်တန်းကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community centre တွင် ကျင်းပခဲ့သည်။


အဆိုပါ သင်တန်းတွင် လောင်းလုံးမြို့နယ်၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး၊ ဒေါက်တာသိန်းဇော်က ကြက်/ ဝက်မွေးမြူရေးနှင့်ပတ်သက်၍ ရှောင်ရန်၊ ဆောင်ရန်အချက်များ၊ ကျွေးမွေးရမည့် အစားအစာများ၊ မွေးမြူပုံ/ နည်းများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြား၍ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ နိုင်ငံ့စီးပွားမြှင့်တင်ရေးအတွက် ချေးငွေထုတ်ပေးခြင်းနှင့် ပတ်သက်၍ ချေးယူလိုပါက ဆောင်ရွက်ရမည့်အချက်အလက် အပြည့်အစုံများအား ရှင်းလင်းချပြ၍ လိုအပ်သောအချက်အလက်များ ပြည့်စုံမှသာ ချေးငွေများ ချေးယူဆောင်ရွက်ကြရန်ပြောကြားသည်။


ဆက်လက်၍ သင်တန်းအား စာတွေ့/ လက်တွေ့များသင်ကြားကာသင်တန်းသို့ တက်ရောက်လာကြသောသူများမှ စိတ်ပါဝင်စာစွာဖြင့် သင်ယး၍ သင်တန်းအား ဇန်နဝါရီ လ ၁၉ရက်နေ့မှ ၂၁ ရက်နေ့အထိ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်းသိရသည်။


သိန်းသိန်း

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)