ပန်းတနော်မြို့၌ ၂၀၂၂- ၂၀၂၃ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပန်းတနော်မြို့၌ ၂၀၂၂- ၂၀၂၃ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်ကျင်းပ


MNP  - ဇန်နဝါရီ ၇

ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ပန်းတနော်မြို့နယ်တွင် ၂၀၂၂- ၂၀၂၃ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်ကို ယမန်နေ့နံနက် ၁၀ နာရီက အ.ထ.က (၁) မြတ်ပညာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။


ရှေးဦးစွာ ကျောင်းသား ကျောင်းသူများမှ မြန်မာ့ကျောင်းသီချင်းဖြင့် သီဆိုဖွင့်လှစ်ပေးခဲ့ပြီး အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းအုပ်ဆရာမကြီး ဒေါ်ဝင်းဆွေက ပညာရေး လုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခြင်း၊ ကျောင်းအကျိုးတော်ဆောင် ဦးဝင်းဌေးမှ ကျောင်းလုပ်ငန်းများနှင့် ပတ်သက်၍ ဆွေးနွေးပြောကြားခဲ့သည်။


ထို့နောက် ၂၀၂၁- ၂၀၂၂ ပညာသင်နှစ်အတွက် ထူးချွန်ဆုများရရှိသော ကျောင်းသား၊ကျောင်းသူများအား တက်ရောက်လာကြသော တာဝန်ရှိသူများက ဆုများအသီးသီး ချီးမြှင့်ပေးခဲ့ပြီး အခမ်းအနားကို ဇာတိမာန်သီချင်းဖြင့် ပိတ်သိမ်းခဲ့ကြောင်း သိရသည်။


ပြည့်ဖြိုးကျော်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)