ပုဏ္ဏားကျွန်းမြို့၌ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် ပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပုဏ္ဏားကျွန်းမြို့၌ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် ပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲကျင်းပ



MNP  -  ဇန်နဝါရီ ၃

(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် မြို့နယ်အဆင့်အားကစားဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်အရ တစ်နိုင်ငံလုံးရှိ မြို့နယ်အသီးသီးများတွင် သက်ဆိုင်ရာအားကစားနည်းအလိုက် ကျင်းပလျက်ရှိရာ ယမန်နေ့၊ညနေ(၃)နာရီက ပိုက်ကျော်ခြင်းပြိုင်ပွဲဖွင့်ပွဲကို ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့ မြို့နယ်အားကစားခန်းမ၌ ကျင်းပခဲ့သည်။


ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္က ဦးမောင်စံဝင်းက လူငယ်ကစားသမားတို့ အားကစားကို စိတ်ပါဝင်စားပြီး၊ ဘက်စုံအားကစားကဏ္ဍများ ဖွံ့ဖြိုးတိုးတက်လာစေရန်၊ မျိုးဆက်သစ်လူငယ်ကစားသမားများပေါ်ထွက်လာစေရန်၊ တိုးတက်ကောင်းမွန်သော အားကစားကဏ္ဍများဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် နိုင်ငံတော်အကြီးအကဲများ၏ လမ်းညွှန်ချက်တို့ဖြင့် ကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။


အဆိုပါ ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် လူငယ်အသင်း(၁၆)သင်း ပါဝင်ယှဉ်ပြိုင်လျက်ရှိပြီး ဖူဆယ်ဘောလုံး၊ စစ်တုရင်ပြိုင်ပွဲ၊ ကျား/မ မီတာ(၁၀၀)အပြေးပြိုင်ပွဲတို့တွင် ပထမ၊ ဒုတိယ၊ တတိယဆုများ ရရှိသည့်အသင်းများကို ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ(၄)ရက်နေ့တွင်ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အခမ်းအနားတွင် ဆုများအသီးသီး ချီးမြှင့်သွားမည်ဖြစ်ကြောင်း အားကစားပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီထံမှ သိရသည်။


နီထွန်းအောင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)