ပြင်ဦးလွင်မြို့တွင် ရုရှားဘာသာစကားအခြေခံသင်တန်း၊ အမှတ်စဉ် (၁ / ၂၀၂၂ ) သင်တန်းဆင်းပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြင်ဦးလွင်မြို့တွင် ရုရှားဘာသာစကားအခြေခံသင်တန်း၊ အမှတ်စဉ် (၁ / ၂၀၂၂ ) သင်တန်းဆင်းပွဲ ကျင်းပ





MNP  -  ဇန်နဝါရီ    ၉    

ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနနှင့်   ပြင်ဦးလွင် စစ်တက္ကသိုလ်၊ အဆင့်မြင့် စာပေပညာ ဗဟိုဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် ရုရှားဘာသာစကားအခြေခံသင်တန်း၊ အမှတ်စဉ် (၁/၂၀၂၂)  သင်တန်းဆင်းပွဲကို ယမန်နေ့နံနက်   ၁၀နာရီခွဲအချိန်က ပြင်ဉီးလွင်မြို့၊ ရပ်ကွက်ကြီး (၅) ရှိ တုံဂပူရိဟိုတယ်  ခန်းမဆောင်၌  ကျင်းပပြုလုပ်ရာ  ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊  ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့၊ ပြင်ဦးလွင်စစ်တက္ကသိုလ်ကျောင်းအုပ်ကြီး၊ ဗိုလ်ချုပ်ဇော်မင်းလတ်၊ တာဝန်ရှိသူများ၊ ဟိုတယ်ဝန်ထမ်းများနှင့်  သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။


ရှေးဉီးစွာ  ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊  ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်က အဖွင့်အမှာစကားပြောကြားပြီး ပြင်ဦးလွင်စစ်တက္ကသိုလ်ကျောင်းအုပ်ကြီး၊ ဗိုလ်ချုပ်ဇော်မင်းလတ်မှ ရုရှားဘာသာစကားအခြေခံသင်တန်း၊ အမှတ်စဉ်(၁/၂၀၂၂) သင်တန်းဆင်း   အမှာစကားပြောကြားပြီး  သင်တန်းတွင် ပို့ချပေးခဲ့သော  နည်းပြဆရာများအား ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊  ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်က ဂုဏ်ပြုချီးမြှင့်ငွေနှင့် ဂုဏ်ပြုလက်မှတ်များပေးအပ်ခဲ့ သည်။


ဆက်လက်ပြီး သင်တန်းတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့်  သင်တန်းသား/သင်တန်းသူများအား ပြင်ဦးလွင်စစ်တက္ကသိုလ်ကျောင်း အုပ်ကြီး ဗိုလ်ချုပ်ဇော်မင်းလတ်မှ ဆုများအသီးသီးချီးမြှင့်ပေးခဲ့ပြီး ပြင်ဦးလွင်စစ်တက္ကသိုလ်၊  ပါမောက္ခချုပ် ဗိုလ်မှူးချုပ် သိန်းလွင်က သင် တန်းသား/  သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ချီးမြှင့်ခဲ့၍  သင်တန်းဆင်းကျောင်းသား/ကျောင်းသူများက ဘာ သာစကားစွမ်းရည်သရုပ်ပြ  တင်ဆက်ခဲ့ကြကြောင်း သိရသည်။  


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)