ဒုတိယအကြိမ် တိုင်းရင်းသားရေးရာယဉ်ကျေးမှုဖလှယ်ရေးအစီအစဉ်ဖြင့်ထိုင်းနိုင်ငံသို့ သွားရောက်မည့် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ကိုယ်စားလှယ်အဖွဲ့ ပြည်ထောင်စုဝန်ကြီးထံမှ ဩဝါဒခံယူခြင်းနှင့် အသစ်ခန့်အပ်သည့် ဦးစီးအရာရှိများအား မိတ်ဆက်တွေ့ဆုံခြင်း အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒုတိယအကြိမ် တိုင်းရင်းသားရေးရာယဉ်ကျေးမှုဖလှယ်ရေးအစီအစဉ်ဖြင့်ထိုင်းနိုင်ငံသို့ သွားရောက်မည့် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ကိုယ်စားလှယ်အဖွဲ့ ပြည်ထောင်စုဝန်ကြီးထံမှ ဩဝါဒခံယူခြင်းနှင့် အသစ်ခန့်အပ်သည့် ဦးစီးအရာရှိများအား မိတ်ဆက်တွေ့ဆုံခြင်း အခမ်းအနားကျင်းပ


MNP  -   ဇန်နဝါရီ ၁၂

မဲခေါင်- လန်ချန်း ပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေ(၂၀၂၀) အထောက်အပံ့ဖြင့် ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၁၈ ရက်မှ ဇန်နဝါရီ ၂၄ ရက်အထိ ထိုင်းနိုင်ငံသို့ ဒုတိယအကြိမ် တိုင်းရင်းသားရေးရာ ယဉ်ကျေးမှုဖလှယ်ရေးအစီအစဉ်ဖြင့် သွားရောက်မည့်ကိုယ်စားလှယ်အဖွဲ့ကို ဩဝါဒအမှာစကား ပြောကြားသည့်အခမ်းအနားကို ယနေ့မွန်လွဲပိုင်းတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်ရာ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။


ဦးစွာ ပြည်ထောင်စုဝန်ကြီးက ယခုကဲ့သို့နိုင်ငံခြားခရီးစဉ်များသွားရောက်ရခြင်းသည် မိမိတို့၏အိမ်နီးချင်းနိုင်ငံများနှင့် ရင်းနှီးသည့်ဆက်ဆံရေးရရှိစေရန်၊ မဲခေါင် - လန်ချန်းနိုင်ငံများအကြား တိုင်းရင်းသားရိုးရာယဉ်ကျေးမှုဓလေ့ထုံးတမ်းများကိုဖလှယ်ရန်၊ တိုင်းရင်းသားရေးရာ မူဝါဒနှင့်အခွင့်အရေးဆိုင်ရာများအား လေ့လာရန်နှင့်မျှဝေရန်၊ မဲခေါင်ဒေသအတွင်းရှိ တိုင်းရင်း သားလူမျိုးများအကြား ချိတ်ဆက်ဆောင်ရွက်နိုင်သော ကွန်ရက်တစ်ခုဖြစ်ပေါ်စေရန်၊ မဲခေါင်ဒေသအတွင်းရှိ နိုင်ငံများအကြား အပြန်အလှန်နားလည်မှုတိုးတက်လာစေရန်နှင့် နိုင်ငံခြားအတွေ့အကြုံရရှိရန်ရည်ရွယ်၍ ဝန်ကြီးဌာနမှကိုယ်စားလှယ်များအား စေလွှတ်ရခြင်းဖြစ်ပါကြောင်း၊ ယခင် ဒုတိယဝန်ကြီးဦးဆောင်သည့် ၂၇ ဦးပါ ကိုယ်စားလှယ် အဖွဲ့ပထမအကြိမ်ခရီးစဉ်အဖြစ် လာအိုနိုင်ငံသို့စေလွှတ်ခဲ့ပြီးဖြစ်ပါကြောင်း၊ ယခု ဒုတိယအကြိမ် အဖြစ် ထိုင်းနိုင်ငံသို့သွားရောက်မည်ဖြစ်ပြီး ကိုယ်စားလှယ်များအနေဖြင့် ခရီးစဉ်တစ်လျှောက် စနစ်တကျ၊ စည်းကမ်းရှိရှိနေထိုင်သွားလာစေလိုပါကြောင်း၊ စည်းလုံးခြင်းသည်အင်အားဆို သည့်စကားအတိုင်း စည်းလုံးလျှင်အောင်မြင်မည်ဖြစ်ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာန၏ပန်းတိုင်မှာ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးတို့ဖြစ်ပြီး နိုင်ငံတော်ကြီးငြိမ်းချမ်းသာယာဝပြောစေရေး ဝိုင်းဝန်းဆောင်ရွက်ကြစေလိုပါကြောင်း မှာကြားသည်။


ဆက်လက်၍ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က ခရီးစဉ်နှင့်ပတ်သက်၍ မှာကြားသည်။


ထို့နောက် ခရီးစဉ်သို့လိုက်ပါကြမည့် ကိုယ်စားလှယ်အဖွဲ့မှ တစ်ဦးချင်းမိတ်ဆက်ကြပြီး တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမင်းအေးကိုက ခရီးစဉ်နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။


ဆက်လက်၍ အရာထမ်းလောင်းအခြေခံသင်တန်း၊ ပြည်သူ့ဝန်ထမ်းစီမံခန့်ခွဲမှု ဘွဲ့လွန်ဒီပလိုမာ သင်တန်းအမှတ်စဉ် (၁၀) ကို တက်ရောက်အောင်မြင်ခဲ့ကြသည့် ဦးစီးအရာရှိ ၂၅ ဦးတို့အား မိတ်ဆက်တွေ့ဆုံခြင်းအခမ်းအနားကိုကျင်းပရာ ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က အမှာစကားပြောကြားသည်။


ယင်းနောက် အသစ်ခန့်အပ်သည့် ဦးစီးအရာရှိများက တစ်ဦးချင်းမိတ်ဆက်ကြပြီး အခမ်းအနား ကိုရုပ်သိမ်းခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)