မိုးမိတ်မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနပိုင် ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်း ဖွင့်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုးမိတ်မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနပိုင် ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်း ဖွင့်ပွဲကျင်းပ



MNP  -   ဇန်နဝါရီ ၂

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မိုးမိတ်မြို့နယ်တွင် မြို့နယ်လူမှုဝန်ထမ်းဦးစီးဋ္ဌာန အသိအမှတ်ပြု ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်း ဖွင့်ပွဲအခမ်းအနားကို  ယမန်နေ့ နံနက် ၈ နာရီခွဲအချိန်က မြောက်ပိုင်းရပ်ကွက် ကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


အဆိုပါဖွင့်ပွဲတွင် ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်နှင်းနှင်းစိုး၊ ခရိုင်ရဲတပ်ဖွဲ့မှူး၏ဇနီး ဒေါ်နေခြည်သိန်းမြင့်၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်သူဇာသိမ့်၊ ခရိုင်လူမှုဝန်ထမ်းဦးစီးဋ္ဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်ချောစုဝင်းတို့က ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးခဲ့ပြီး အမှတ်တရ ဓါတ်ပုံများရိုက်ကူးခဲ့ကြောင်း သိရသည်။


ဆက်လက်ပြီး တာဝန်ရှိသူများက ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်းအတွင်းရှိ သင်ထောက်ကူပစ္စည်းများ၊ ကလေးများ ဉာဏ်ရည်ဉာဏ်သွေးထက်မြတ်စေရေးအတွက် အသုံးအဆောင်ပစ္စည်းများ၊ ပြင်ဆင်ထားရှိမှုများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်ချက်များအား မှာကြားခဲ့ကြောင်း သိရသည်။


အခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ခရိုင်နှင့် မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေး ဉက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးဋ္ဌာနမှ ဝန်ထမ်းများ၊ ကျောင်းလာရောက်အပ်နှံသည့် ကလေးငယ်များနှင့် ကျောင်းသားမိဘများက တက်ရောက်ခဲ့ကြောင်း သိရသည်။


အဆိုပါကျောင်းသည် ၂၀၂၁ ခုနှစ် ဇူလိုင်လ ၈ ရက်နေ့တွင် ကိုယ့်အားကိုယ်ကိုးမူလတန်းကြို ကျောင်းအဖြစ်မှ မြို့နယ်လူမှုဝန်ထမ်းဦးစီးဋ္ဌာနသို့ လွဲပြောင်းပေးအပ်ခဲ့ပြီး ကိုဗစ်-၁၉ ရောဂါ စတင်ဖြစ်ပွားသည့် ကာလမှစ၍ ကျောင်းပိတ်ထားပြီး ယမနနေ့တွင် ကျောင်းပြန်လည်ဖွင့်လှစ် လျက်ရှိပါကြောင်း ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ သိရသည်။


စည်သူဋ္ဌေး 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)