လူမှုရေးဝန်ကြီးနှင့် အဖွဲ့ဝင်များသည် အိမ်ထောင်စုလူဦးရေစာရင်း တိကျမှန်ကန်မှုရှိစေရေး တိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လူမှုရေးဝန်ကြီးနှင့် အဖွဲ့ဝင်များသည် အိမ်ထောင်စုလူဦးရေစာရင်း တိကျမှန်ကန်မှုရှိစေရေး တိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေး


MNP  -  ဇန်နဝါရီ ၁၅

လူမှုရေးဝန်ကြီးနှင့်အဖွဲ့ဝင်များသည် ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင် ပန်းတနော်မြို့နယ်တွင် အိမ်ထောင်စု လူဦးရေစာရင်းနှင့် မြေပြင်ရှိ လူဦးရေစာရင်းများ မှန်ကန်မှုရှိစေရေးအတွက် တိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုအား ယမန်နေ့ နံနက်ပိုင်းက မြေပြင် ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့သည်။


ထိုသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် လူမှုရေးဝန်ကြီးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများသည် ရပ်ကွက်/ကျေးရွာများတွင် အိမ်ထောင်စုလူဦးရေစာရင်းနှင့် မြေပြင်ရှိလူဦးရေစာရင်းများ တိကျမှန်ကန်မှုရှိစေရေးအတွက် အုပ်စုအလိုက် အဖွဲ့များခွဲ၍ မြေပြင်ကွင်းဆင်းကောက်ယူခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။


ထို့နောက် အဆိုပါအဖွဲ့ဝင်များသည် ပန်းတနော်မြို့တွင် ဆောက်လုပ်လျက်ရှိသည့် လူထုအခြေပြုဗဟိုဌာန (Community Centre) အဆောက်အဦးလုပ်ငန်းပြီးစီးမှု အခြေအနေအား ကြည့်ရှုစစ်ဆေးခဲ့ရာ တာဝန်ရှိသူများမှ လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေကို ပြန်လည် ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။


ပြည့်ဖြိုးကျော်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)