မောက်မယ်မြို့နယ်၌ ဆောင်းရာသီရေဆင်း − ၁၅ ပဲပုတ်သီးနှံများ အောင်မြင်ဖြစ်ထွန်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မောက်မယ်မြို့နယ်၌ ဆောင်းရာသီရေဆင်း − ၁၅ ပဲပုတ်သီးနှံများ အောင်မြင်ဖြစ်ထွန်း



MNP  -   ဇန်နဝါရီ ၁၈

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်ရှိ ဒေသခံတောင်သူများသည် စိုက်ပျိုးရေးလုပ်ငန်းများကို အဓိကထား လုပ်ကိုင်လျက်ရှိရာ ယခုနှစ်ဆောင်းရာသီ သီးနှံစိုက်ပျိုးရာတွင် ရေဆင်း−၁၅မျိုး ဆောင်းပဲပုတ်သီးနှံများကို ပိုမို၍စိုက်ပျိုးကြရာ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း  တောင်သူများထံမှ သိရသည်။


မောက်မယ်မြို့နယ်၌ ယခုနှစ်ဆောင်းသီးနှံ စိုက်ပျိုးရာတွင် ဒေသခံတောင်သူများ သီးနှံဝင်ငွေ တိုးပွားစေရန်နှင့် စားနပ်ရိက္ခာဖူလုံစေရေး၊ ဒေသခံရှမ်းတိုင်းသားများ၏ အဓိကစားသုံးသည့် ပဲပုတ်သီးနှံ အထွက်တိုးစေရေးအတွက် ရည်ရွယ်ကာ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက ဖြန့်ဖြူးသည့် ရေဆင်း−၁၅မျိုးကို မိုးစပါးအပြီး သီးထပ်စိုက်ပျိုးသည့် စံပြလယ်စိုက်ခင်းများကို ဒေသခံတောင်သူများက ပိုမိုစိုက်ပျိုး ခဲ့ကြောင်း သိရသည်။


ဆောင်းသီးနှံများစိုက်ပျိုးရာတွင် အထွက်နှုန်းကောင်းမွန်စေရန်အတွက် စိုက်နည်းစနစ်များ မှန်ကန်စေရန်၊ စိုက်ပျိုးရေးသုံးသွင်းအားစုပစ္စည်းများ အချိုးကျမှန်ကန်စွာ သုံးတတ်စေရန်နှင့် ပိုးမွှားရောဂါကြိုတင်ကာကွယ်ရေးဆောင်ရွက်ရန် နည်းလမ်းများကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ခံကွင်းဝန်ထမ်းများက နယ်မြေကွင်းဆင်းပြီး ပံ့ပိုးကူညီဖြည့်ဆည်းဆောင်ရွက်ပေးနေကြောင်း သိရသည်။


“ကျွန်တော်တို့ မောက်မယ်မြို့နယ်က စိုက်ပျိုးရေးအဆင်ပြေတဲ့အတွက် ဒေသခံတောင်သူ တွေဟာ(နွေ၊ မိုး၊ ဆောင်း)တစ်နှစ်ပတ်လုံး စိုက်ပျိုးရေးလုပ်ငန်းကို စီးပွားဖြစ်လုပ်ကိုင်ကြပါတယ်။ ယခုဆိုရင် ဒေသခံတောင်သူတွေက ယခုနှစ်ဆောင်းရာသီမှာ နှင်းကျလို့ နှင်းရေနဲ့ပဲလုံလောက်လို့ ဆောင်းသီးနှံများ အောင်မြင်ဖြစ်ထွန်းပါတယ်။ တောင်သူတွေကို သတ်မှတ်လျာထားဧက ပြည့်မှီအောင် စိုက်ပျိုးနိုင်ဖို့နဲ့ လိုအပ်တဲ့ စိုက်ပျိုးရေးနည်းပညာများကိုလည်း ကျွန်တော်တို့ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရှိ နယ်မြေအလိုက် တာဝန်ခံကွင်းဝန်ထမ်းတွေက ကူညီဖြည့်ဆည်းဆောင်ရွက်ပေးနေပါတယ်” ဟု မောက်မယ်မြို့နယ်  စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးသက်နိုင်က ပြောကြားသည်။


စိုင်းမျိုးသန့်

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)