မိုင်းတုံမြို့ အ ထ က စာသင်ကျောင်းဝန်း၌ ယာဉ်စည်းကမ်းလမ်းစည်းကမ်း အသိပညာပေး ဟောပြောပွဲဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုင်းတုံမြို့ အ ထ က စာသင်ကျောင်းဝန်း၌ ယာဉ်စည်းကမ်းလမ်းစည်းကမ်း အသိပညာပေး ဟောပြောပွဲဆောင်ရွက်


MNP  -   ဇန်နဝါရီ ၁၃

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်၊ အထက မိုင်းတုံစာသင်ကျောင်းဝန်း၌ ယာဉ်စည်းကမ်း လမ်းစည်းကမ်း အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက်ပိုင်းက  မြို့နယ် စီမံအုပ်ချုပ်ရေးမှူး ဦးလွင်မိုး၊ မြို့နယ်ရဲတပ်ဖွဲ့မှ ရဲမှူးမြင့်အောင်၊ မြို့နယ်ဥပဒေအရာရှိ ဦးအောင်ကျော်မိုးနှင့် မြို့နယ်မီးသတ်တို့ပူးပေါင်း ၍ကျင်းပခဲ့ကြောင်း သိရသည်။


ပထမဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးမှူး ဦးလွင်မိုးက ယာဉ်စည်းကမ်းလမ်းစည်းကမ်း အသိပညာပေးလုပ်ငန်း ဆောင်ရွက်ပေးရခြင်း၏ ရည်ရွယ်ချက်ဖြင့်လည်းကောင်း၊ မြို့နယ် ရဲတပ်ဖွဲ့မှူးရဲမှူးမြင့်အောင်က ယာဉ်စည်းကမ်းလမ်းစည်းကမ်းနှင့် ပတ်သက်သည့်အကြောင်းအရာများကို အကျယ်တစ်ဝန်းရှင်းလင်းခြင်း၊ မြို့နယ်ဥပဒေအရာရှိ ဦးအောင်ကျော်မိုးက ယာဉ်စည်းကမ်း လမ်းစည်းကမ်းဆိုင်ရာ ဥပဒေအကြောင်းအရာကိုလည်းကောင်း၊ မြို့နယ် မီးသတ်ဌာနမှ ဦးစီးအရာရှိမှ ယာဉ်စည်းကမ်းလမ်းစည်းကမ်းနှင့်ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန်အချက်များတို့ဖြင့် အသီးသီးဟောပြောခဲ့ကြရာ တက်ရောက်လာသော ကျောင်းသား/ ကျောင်းသူများမှ မသိသည့်အချက်များကို ပြန်မေးမြန်းရာ မြို့နယ်ရဲမှူးကလည်းကောင်း၊ မြို့နယ် ဥပဒေအရာရှိကလည်းကောင်း တစ်ချက်ခြင်းစီး ပြန်လည်းရှင်းပြသည်။ အဆိုပါ ဟောပြောပွဲသို့ မြို့နယ်မိခင်နှင့်ကလေးအဖွဲ့များ၊ မြို့နယ် အမျိုးသမီးရေးရာအဖွဲ့များ၊ ကျောင်းသား/ကျောင်းသူများ စုစုပေါင်းအင်အား (၄၂၀)ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။


ဝင်းဝင်းခိုင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)