(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်ကျင်းပပြုလုပ်ခဲ့သည့် အားကစားပြိုင်ပွဲများအား ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်ကျင်းပပြုလုပ်ခဲ့သည့် အားကစားပြိုင်ပွဲများအား ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ






MNP  -  ဇန်နဝါရီ  ၅

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှကြီးမှူး၍ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်ကျင်းပပြုလုပ်ခဲ့သည့် အားကစားပြိုင်ပွဲများအား ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက ပဲခူးမြို့ ရွှေမော်ဓောဘုရားလမ်းရှိ တိုင်းဒေသကြီးအားကစားခန်းမ၌  ကျင်းပပြုလုပ်ခဲ့သည်။


ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးပြီး (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပဲခူးမြို့တွင် ဖူဆယ်ဘောလုံးပြိုင်ပွဲ၊   သက်ကြီးဘောလုံးပြိုင်ပွဲ၊ ဘတ်စကက်ဘောပြိုင်ပွဲ၊ စားပွဲတင်တင်းနစ်ပြိုင်ပွဲ၊ ရိုးရာခြင်းလုံးခတ်ပြိုင်ပွဲ၊ ခေါင်းအုံးရိုက်ပြိုင်ပွဲ၊ လွန်ဆွဲပြိုင်ပွဲ၊ ထုပ်ဆီးတိုးပြိုင်ပွဲနှင့် အခြားပျော်ပွဲရွှင်ပွဲ အားကစားပြိုင်ပွဲများကို စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ရာ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီး အောင်သောင်းထိုက်နှင့် အစိုးရအဖွဲ့တာဝန်ရှိသူများက ကြည့်ရှုအားပေးကြသည်။


ထို့နောက် ဆုချီးမြှင့်ခြင်းအခမ်းအနား ဆက်လက်ကျင်းပပြုလုပ်ရာ မီတာ(၅၀) အမျိုးသားကြီး၊ အမျိုးသားလတ်၊ အမျိုးသားငယ်၊ သုံးချောင်းထောက်ပြေးပြိုင်ပွဲ၊ အိတ်စွပ်ပြိုင်ပွဲနှင့် ပူဖောင်းပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများ၊ မီတာ(၅၀) အမျိုးသမီးကြီး၊ အမျိုးသမီးလတ်၊ အမျိုးသမီးငယ် အာလူးကောက်ပြိုင်ပွဲ၊ စာအုပ်ရွက်ပြိုင်ပွဲ နှင့် အပ်နဖားထိုးပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများ၊ သက်ကြီး၊ သက်လတ်ခေါင်းအုံးရိုက်ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများ၊ အမျိုးသား၊ အမျိုးသမီးလွန်ဆွဲပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများ၊ ထုပ်ဆီးထိုးပြိုင်ပွဲ၊ အသင်းလိုက်  စားပွဲတင် တင်းနစ်ပြိုင်ပွဲ၊ တစ်ဦးချင်းစားပွဲတင်တင်းနစ်ပြိုင်ပွဲ၊ ဘတ်စကတ်ဘောပြိုင်ပွဲ၊ ရိုးရာခြင်းလုံးခတ်ပြိုင်ပွဲ၊ ဖူဆယ်ပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယဆု   ရရှိသူများအား တိုင်းဒေသကြီးအစိုးရအဖွဲ့ တာဝန်ရှိသူများမှလည်းကောင်း သက်ကြီးဘောလုံးပြိုင်ပွဲတွင် တတိယဆုရရှိသော ဟံသာဝတီအသင်း၊ ဒုတိယဆုရရှိသော ဟင်္သာအသင်းနှင့် ပထမဆုရရှိသော ဥဿာအသင်းတို့အား လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်သောင်းထိုက်က ဆုများပေးအပ်ခဲ့ကြောင်း  သိရှိရသည်။


သက်ဖြိုးကြိုင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)