မာန်အောင်မြို့ ရန်အောင်မြင်ရပ်ကွက် အခြေခံပညာမူလတန်းကျောင်း၌ ၂၀၂၂-၂၀၂၃ပညာသင်နှစ်၊ပညာရည်ချွန်ဆုပေးပွဲနှင့် ပညာရေးစုံညီပွဲတော် ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မာန်အောင်မြို့ ရန်အောင်မြင်ရပ်ကွက် အခြေခံပညာမူလတန်းကျောင်း၌ ၂၀၂၂-၂၀၂၃ပညာသင်နှစ်၊ပညာရည်ချွန်ဆုပေးပွဲနှင့် ပညာရေးစုံညီပွဲတော် ကျင်းပ






MNP -  ဇန်နဝါရီ ၁၂

ရခိုင်ပြည်နယ် မာန်အောင်မြို့ ရန်အောင်မြင်ရပ်ကွက်အခြေခံပညာမူလတန်းကျောင်း၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ပညာရေးစုံညီပွဲတော် အခမ်းအနားကို ယနေ့ နေ့လယ်၁၂နာရီက အဆိုပါကျောင်း၌ ကျင်းပခဲ့သည်။


ရှေးဦးစွာ အခမ်းအနားတွင်ကျောင်းသား/သူများက မြန်မာ့ကျောင်းသီချင်းဖြင့် သီဆိုဖွင့်လှစ်ကြပြီးကျောင်းအုပ်ဆရာမကြီးဒေါ်နုနုလွင်ကပညာရေးစုံညီပွဲတော်ကျင်းပရခြင်းနှင့် ကျောင်းသား/သူများ ကာယ၊ဉာဏ၊စာရိတ္တဖွံဖြိုးတိုးတက်ရေးနှင့် စပ်လျဥ်း၍ရှင်းလင်းပြောကြားသည်။


  ယင်းနောက် ရန်အောင်မြင်ရပ်ကွက် အုပ်ချုပ်ရေးမှူးဦးဇော်ဝင်းမှ ကျောင်းဖွံ့ဖြိုးရေးဆိုင်ရာများနှင့်ကျောင်းသား/ ကျောင်းသူများဘက်စုံ ထူးချွန်ရေး ဆရာ၊မိဘ၊ကျောင်းသားများက ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရေး ရှင်းလင်းပြောကြားသည်။


     ထို့နောက်၂၀၂၂-၂၀၂၃ပညာသင်နှစ်ပညာရည်ချွန်ဆုရရှိသောကျောင်းသား/ ကျောင်းသူများနှင့်  ကာယ၊ ဉာဏ ထူးချွန်ဆုရရှိကြသည့် ကျောင်းသား/ ကျောင်းသူများအား ကျောင်းအုပ်ဆရာမကြီးနှင့် တာဝန်ရှိသူများမှ ဆုများအသီးသီးပေး အပ်ချီးမြှင့်ကြပြီး ကျောင်းသား/ ကျောင်းသူများက တေးသရုပ်ဖော် အကအလှများဖြင့် သီဆိုကပြဖျော်ဖြေခဲ့ကြကြောင်း သိရသည်။


ဦးသိန်းဖေ

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)