ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင် (၁၂၂)တွင် လက်နက်များသယ်ဆောင်လာသော အကြမ်းဖက်သမား ၂ဦး အသေဖမ်းမိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင် (၁၂၂)တွင် လက်နက်များသယ်ဆောင်လာသော အကြမ်းဖက်သမား ၂ဦး အသေဖမ်းမိ



MNP ၊ ဇန်နဝါရီ ၂၉

ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင် (၁၂၂) မိုင်တိုင်အနီး ယမန်နေ့ည က မင်္ကာဖွယ်ရာ မော်တော်ယာဉ်တစ်စီးအား စစ်ဆေးရန် ရပ်ခိုင်းရာ မောင်းပြေးသဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့ရာ ယာဉ်ပေါ်တွင် လက်နက်များ သယ်ဆောင်လာသည်ကို စိစစ်တွေ့ရှိခဲ့ရသည်။

အဆိုပါ မော်တော်ယာဉ်ပေါ်ပါ အကြမ်းဖက်သမား ၂ဦး (အသေ) ဖမ်းဆီးရမိပြီး  RPG ၁ လက်၊ RPG ဗုံးသီး ၃ လုံး၊ ၁၀၇ မမ ရှော့တိုက်ဒုံး ၉ လုံး၊ လက်ပစ်ဗုံး ၁၉ လုံး၊ ဖျူစ့် ၁၅ ချောင်း၊ ၄၀ မမဗုံးသီး ၃၅ လုံး သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ပြည်ပြေး ဝရမ်းပြေး အကြမ်းဖက်လှုံ့ဆော်သူများအနေဖြင့် ဖေဖော်ဝါရီလ ၁ရက်နေ့တွင် အကြမ်းဖက်လှုပ်ရှားမှုများ တိုးမြှင့်လုပ်ဆောင်ရန် လှုံ့ဆော်နေကြပြီး အကြမ်းဖက်သမားများ က လက်နက်ခဲယမ်းများ ပို့ဆောင်နေကြသည်ကို လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် လက်နက်ခဲယမ်း သယ်ဆောင်မှုများကို ဆက်တိုက်ဆိုသလို ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့သည်။


#MyanmarNationalPost

(လက်သုံးချောင်းထောင် PDF အကြမ်းဖက်သမားများသည် အပြစ်မဲ့ ရဟန်းရှင်လူပြည်သူများကို သတ်ဖြတ်နေသည်။ အကြမ်းဖက်အဖွဲ့များအား အမေရိကန်ဦးဆောင်သော အနောက်အုပ်စုက ထောက်ပံ့ပေးနေသည်။ PDF အကြမ်းဖက်သမားများ အလိုမရှိ။)


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)