ကာလိမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၂-၂၀၂၃ ပညာရေးစုံညီပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကာလိမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၂-၂၀၂၃ ပညာရေးစုံညီပွဲကျင်းပ






MNP  -  ဇန်နဝါရီ ၂၀

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကာလိမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ၂၀၂၂-၂၀၂၃ ပညာရေးစုံညီပွဲတော်နှင့် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားကို ယမန်နေ့ နံနက်(၁၀) နာရီ အချိန်က အဆိုပါကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။


အခမ်းအနားကို "ကြိုဆိုပါသည် စုံညီပွဲတော်"သီချင်း ဖြင့်ဖွင့်လှစ်ခဲ့ပြီး ကာလိမြို့  အထွေထွေ အုပ်ချုပ် ရေးဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူး ဦးစန်းမြင့်သန်းက အဖွင့်မိန့်ခွန်းပြောကြာသည်။ ဆက်လက်၍ ကွန်ဟိန်းမြို့နယ်ပညာရေးမှူး ဒေါ်နန်းဖြူဆိုင်က ပညာရေးစုံညီပွဲတော် ကျင်းပရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခြင်းနှင့် အခြေခံပညာအထက်တန်းကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းစိုးစိုးဝင်းက ကျေးဇူးတင်စကားကိုလည်ကောင်း အသီးသီးရှင်းလင်းပြောကြားသည်။


၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင် ပညာရည်ချွန်ဆု ရရှိကြသည့် ကျောင်းသား၊ ကျောင်းသူများနှင့်၂၀၂၂-၂၀၂၃ ပညာရေးစုံညီပွဲတော်တွင် ကာယ၊ ဉာဏ ထူးချွန်ဆုရရှိကြသည့် ကျောင်းသား၊ ကျောင်းသူများကို တာဝန်ရှိသူများက ဆုများအသီးသီးချီးမြှင့်ခဲ့ကြပြီး ကျောင်းအုပ်ဆရာမကြီးမှ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းဖြေဆိုသည့် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ထူးရအောင် စွမ်းဆောင်ပေးနိုင်သည့် ဆရာမများအား ဂုဏ်ပြုဆုများချီးမြှင့်ခဲ့ပြီး ယင်းနောက် ကျောင်းသား၊ ကျောင်းသူများက တိုင်းရင်းသားရိုးရာ အကအလှများဖြင့် ဖျော်ဖြေကပြခဲ့ကြောင်း သိရသည်။


အဆိုပါခမ်းအနားကို ဌာနဆိုင်ရာအကြီးအကဲများ၊ ကျောင်းသား မိဘများ၊ ဆရာ၊ဆရာမများ၊ ကျောင်းအကျိုးတော်ဆောင်အဖွဲ့များ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။


ထင်ထင်

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)