ပေါက်ခေါင်းမြို့တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များလေ့ကျင့်ရေး (မွမ်းမံ)သင်တန်းအမှတ်စဉ် (၁/၂၀၂၃) သင်တန်းဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါက်ခေါင်းမြို့တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များလေ့ကျင့်ရေး (မွမ်းမံ)သင်တန်းအမှတ်စဉ် (၁/၂၀၂၃) သင်တန်းဖွင့်လှစ်




MNP  -  ဇန်နဝါရီ ၂

ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ) သင်တန်းအမှတ်စဉ် (၁/၂၀၂၃) သင်တန်းဖွင့်ပွဲကို ယနေ့နံနက်(၈) နာရီအချိန်က မြို့နယ်မီးသတ်ဦးစီးမှူးရုံးခန်းမဆောင်၌ ကျင်းပပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ တာဝန်ရှိသူများ၊ သင်တန်းနည်းပြဆရာများနှင့် သင်တန်းသားများ တက်ရောက်ကြသည် ။


ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးသူ‌မောင်က အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ) သင်တန်းအမှတ် (၁/၂၀၂၃) သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး၊ မြို့နယ်ရဲတပ်ဖွဲ့ ဒုရဲမှူးမြတ်မင်းသူက သင်တန်းသားများအား တူညီဝတ်စုံများ ပေးအပ်ခဲ့သည်။


သင်တန်းကာလအတွင်း သင်တန်းနည်းပြဆရာများမှ အခြေခံကြိုးချည်နည်း၊ ရှေးဦးသူနာပြုစုနည်း၊ ဒေသန္တရအသက်ကယ်ပစ္စည်းများအသုံးပြုနည်း၊ မီးခိုးအန္တရာယ်၊ မီးခိုးထဲတွင်အလုပ်လုပ်မည့် လိုက်နာဆောင်ရွက်ရမည့်အချက်များ၊ သဘာဝဘေးလျော့ပါးရေးတွင် တပ်ဖွဲ့ဝင်များဆောင်ရွက်ရမည့်အချက်များ (ရေဘေး/ လေဘေး/ ငလျင်ဘေး)၊ ရေစိုလေ့ကျင့်ခန်း၊ စစ်ရေးပြဆန်းစစ်ချက်၊ မီးသတ်ပညာဆန်းစစ်ချက်နှင့် အသက်ကယ်ပညာဆန်းစစ်ချက် စသည်တို့ကို စာတွေ့လက်တွေ့ စနစ်တကျသင်ကြားပို့ချလျက်ရှိရာ ပေါက်ခေါင်းမြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာများမှ အရန်မီးသတ်တပ်ဖွဲ့ဝင် (၅၀) ဦး တက်ရောက်သင်ကြားလျက်ရှိကြောင်းနှင့် သင်တန်းကာလမှာ ရက်သတ္တ(၄)ပတ်ကြာ သင်ကြားပို့ချပေးမည်ဖြစ်ကြောင်း သိရသည်။


သန်းထွန်းအောင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)