MNP - ဇန်နဝါရီ ၄
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ မင်းပိုင်းရပ်ကွက်၊ မြူရုံးလမ်းရှိ မြို့မဘောလုံးကွင်းတွင် ယနေ့နံနက် ၈ နာရီအချိန်က (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲးများ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ယင်းအားကစားပြိုင်ပွဲများ ကျင်းပရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌ ရဲမှူးဇော်နိုင်ဦးနှင့် အဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးဇော်သန်း၊ မြို့နယ်ပညာရေးမှူး ဒေါ်သန္တာအောင်၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဝါးခယ်မမြို့နယ်မှ မြို့နယ်အားကစားမှူး ဒေါ်ဖြူနှင်းဖွေးနှင့် တာဝန်ရှိသူများက ဦးဆောင်၍ ကျောင်းသား၊ ကျောင်းသူများမှ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲးများဖြစ်သော ပြေး/ ခုန်/ ပစ်၊ ဂုံနီအိတ်စွပ် အပြေးပြိုင်ပွဲ၊ အာလူးကောက်၊ မုန့်စား၊ အပ်နှဖားထိုး၊ သံပုံးရိုက်ပြိုင်ပွဲ၊ စကောရွက်ပြိုင်ပွဲ၊ ပူပေါင်းဖောက်ပြိုင်ပွဲ စသည့် အားကစားပြိုင်ပွဲတို့တွင် ပျော်ရွှင်စွာပါဝင်ယှဉ်ပြိုင်လျက်ရှိရာ ဆုရရှိသူများကို ဆုများအသီးသီး ချီးမြှင့်ခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment