MNP - ဇန်နဝါရီ ၁၃
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ကျောက်တံတားမြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပြည်သူ့ကျန်းမာရေးဖောင်ဒေးရှင်းတို့ ပူးပေါင်းကျင်းပသော တို့ပတ်ဝန်းကျင်မထိခိုက်ရေး ဆေးလိပ်ဆေးရွက်ကြီးရှောင်ရှားပေးခေါင်းစဉ်ဖြင့် အထက်တန်းအဆင့်နှင့် အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က ကျောက်တံတား မြို့နယ်အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
စာစီစာကုံးပြိုင်ပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိဒေါ်လှလှထွေးက ပြိုင်ပွဲများကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များနှင့် ပြိုင်ပွဲစည်းမျဉ်းစည်းကမ်းများကို ရှင်းလင်းပြောကြားခဲ့သည်။ အဆိုပါစာစီစာကုံးပြိုင်ပွဲအား ကျောက်တံတားမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းပေါင်းစုံမှ အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ(၂၂)ဦး၊ အလယ်တန်းအဆင့်ကျောင်းသား၊ ကျောင်းသူ(၂၅)ဦး စုစုပေါင်း(၄၇)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲဝင်ဆုရကျောင်းသား၊ ကျောင်းသူများအား ပထမ၊ ဒုတိယ၊ တတိယဆုများနှင့် နှစ်သိမ့်ဆုများအား ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။
လှလှထွေး
https://t.me/MyanmarNationalPost
No comments:
Post a Comment