တောင်ဥက္ကလာပမြို့နယ်၌ မြေပြင်တစ်အိမ်တက်ဆင်းစာရင်းကောက်ယူရေးအဖွဲ့(၁၃၆)ဖွဲ့ဖြင့် စာရင်းကောက်ယူ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တောင်ဥက္ကလာပမြို့နယ်၌ မြေပြင်တစ်အိမ်တက်ဆင်းစာရင်းကောက်ယူရေးအဖွဲ့(၁၃၆)ဖွဲ့ဖြင့် စာရင်းကောက်ယူ



MNP  - ဇန်နဝါရီ   ၁၈

ရန်ကုန်တိုင်း‌ဒေသကြီ၊ သင်္ဃန်းကျွန်းခရိုင်၊  တောင်ဥက္ကလာပမြို့နယ်၌ အိမ်ထောင်စုလူဦးရေစာရင်း တိကျမှန်ကန်စွာကောက်ယူနိုင်ရေးအတွက် မြေပြင်တစ်အိမ်တက်ဆင်းကွင်းဆင်းစာရင်းကောက်ယူခြင်းအဖွဲ့ ၁၃၆ ဖြင့် စာရင်းကောက်ယူလျက်ရှိကြောင်း သိရသည်။


ထိုသို့ မြေပြင်တစ်အိမ်တက်ဆင်းကွင်းဆင်း စာရင်းကောက်ယူနေမှုအခြေအနေများကို တောင်ဥက္ကလာပမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးအောင်မြတ်မိူးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဦးညွန့်ဦးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကြောင်း သိရသည်။


တောင်ဥက္ကလာပမြို့နယ်အတွင်းရှိ စာရင်းကောက်ရပ်ကွက် ‌၁၃ ရပ်ကွက်ရှိပြီး ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၉ ရက်မှ ၃၁ ရက်နေ့အထိ သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးနိုင်ရေးအတွက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။


ခင်ဆွေနှင်း

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)