နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင် နေပြည်တော်အတွင်း အစားအသောက်ဘေးအန္တရာယ် ကင်းရှင်းစေရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးတက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင် နေပြည်တော်အတွင်း အစားအသောက်ဘေးအန္တရာယ် ကင်းရှင်းစေရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးတက်ရောက်


MNP  -   ဇန်နဝါရီ ၂၀

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း အစားအသောက်ဘေးအန္တရာယ်ကင်းရှင်းစေရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။


ရှေးဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်က အမှာစကားပြောကြားရာတွင် ပြည်သူလူထု နေ့စဉ်စားသောက်မှု အဆင်ပြေစေရန်နှင့် သက်သာသောဈေးနှုန်းဖြင့် ဘေးအန္တရာယ်ကင်းရှင်းစွာ စားသောက်နိုင်ဖို့သည် အရေးကြီးပါကြောင်း၊ စားသုံးသူရေးရာဦးစီးဌာနနှင့် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတို့အနေဖြင့်လည်း စားသုံးသူများ၏လိုအပ်ချက်နှင့် အခွင့်အရေးများ အပြည့်အဝရရှိစေရန်အတွက် စားသုံးသူများ၏ အခွင့်အရေးနှင့်တာဝန်များကို တိတိကျကျ ရေးဆွဲထားသည်ကို တွေ့ရှိရပါကြောင်း၊  အစားအသောက်ဘေးအန္တရာယ် ကင်းရှင်းနိုင်ရေးဆိုရာတွင် စတင်စိုက်ပျိုး၊ ထုတ်လုပ်၊ ဖြန့်ဖြူး ရောင်းချမှုများနှင့် သက်ဆိုင်ပါကြောင်း၊ ဆိုးဆေးနှင့် ကြာရှည်ခံပစ္စည်းများသုံးစွဲမှုများကို စနစ်တကျ ကြပ်မတ်စစ်ဆေးရန် လိုအပ်ပါကြောင်း၊ စည်ပင်သာယာရေးလုပ်ငန်းကော်မတီ၏ လုပ်ငန်းစဉ်များတွင် ရောဂါကာကွယ်ခြင်းနှင့် ပြည်သူ့ကျန်းမာရေး ဆိုင်ရာ ကာကွယ်ခြင်းဟူသည့် အချက်ပါဝင်ပါကြောင်း၊ ပြည်သူလူထုကျန်းမာရေး မထိခိုက်စေရေး နေ့စဉ်စားသုံးသည့် အစားအစာများ ဘေးအန္တရာယ်ကင်းရှင်းစေရေး ထိထိရောက် ရောက်စစ်ဆေးနိုင်ရန်နှင့် စည်းကမ်းဖောက်ဖျက်ပါက လိုအပ်သလို အရေးယူ ဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ကြောင်း၊ ဈေးအသီးသီးတွင် အခြေခံစားသောက်ကုန်များ ဘေးအန္တရာယ်ကင်းရှင်းစေရေး၊ စားသောက်ဆိုင်များ၊ အစားအသောက် ထုတ်လုပ်ဖြန့်ဖြူး ရောင်းချသောလုပ်ငန်းများ၊ ရေသန့်လုပ်ငန်းများအား ကျန်းမာရေးနှင့် ညီညွတ်မှုရှိ၊ မရှိ စနစ်တကျ စစ်ဆေးကြပ်မတ်ပြီး သက်ဆိုင်ရာဌာနများအနေဖြင့် ကျန်းမာရေးထောက်ခံချက်လုပ်ငန်း ဆောင်ရွက်ပေးကြစေလိုကြောင်း၊ အဓိကအရေးကြီးဆုံးအချက်မှာ စားသုံးသူအခြေခံ လူတန်းစားများ အစားအသောက် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ပတ်သက်၍ အသိပညာပေးရေးလုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရေး ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ ယခုကိစ္စရပ်များကို အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် အရေးကြီးသောလုပ်ငန်းဖြစ်သဖြင့် တက်ရောက် လာသော ဌာနဆိုင်ရာများက ကျရာအခန်းကဏ္ဍမှ လိုအပ်သလို ဝိုင်းဝန်းဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း ပြောကြားသည်။


ထို့နောက် နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန် ဦးမောင်မောင်နှင့် ဌာနကြီးမှူးများက နေပြည်တော် အတွင်းရှိ ဈေးများ၊ တိရစ္ဆာန်ဆေးကုနှင့်သားသတ်ရုံများ၊ အသားထုတ်လုပ် ရောင်းချနေမှုများ၊ အစားအသောက်ထုတ်လုပ်သည့် လုပ်ငန်းများကို စစ်ဆေးခြင်းနှင့် အစားအသောက် ဘေးအန္တရာယ်ကင်းရှင်းစေရေးဆိုင်ရာ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်နေမှုကိုလည်းကောင်း၊   ကျန်းမာရေးဝန်ကြီးဌာန၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနနှင့်  နေပြည်တော် အဆင့်ဌာန ဆိုင်ရာတာဝန်ရှိသူများက နေပြည်တော်အတွင်း အစားအသောက်ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် ပူး‌ပေါင်း ဆောင်ရွက်နေမှုအ‌ခြေအနေများနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်မည့် အ‌ခြေအနေများကို  သက်ဆိုင်ရာကဏ္ဍများအလိုက်  ဆွေးနွေးရှင်းလင်းတင်ပြကြသည်။


ယင်းနောက်  နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်က တင်ပြချက်များနှင့် စပ်လျဉ်း၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


ထွန်းထွန်းဝင်း

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)