ရခိုင်ပြည်နယ် မောင်တောမြို့၌ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၏ ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရခိုင်ပြည်နယ် မောင်တောမြို့၌ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၏ ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲ ကျင်းပ






MNP  -  ဇန်နဝါရီ ၂၀

­ရခိုင်ပြည်နယ် မောင်တောမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ အမှတ် (၁) အခြေခံပညာအထက်တန်း ကျောင်း၏ ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲ ၁ နာရီအချိန် အဆိုပါကျောင်းတွင် ကျင်းပပြုလုပ်သည်။


ရှေးဦးစွာ ကျောင်းသား၊ကျောင်းသူလေးများက “ကြိုဆိုပါသည် စုံညီပွဲတော်” သီချင်းဖြင့် သီဆိုဖျော်ဖြေပေးခဲ့ကြပြီး မောင်တောမြို့နယ် ပညာရေးမှူး ဦးအောင်မြင့်သိန်းက အမှာစကား ပြောကြားခဲ့သည်။ ဆက်လက်၍ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်တင်တင်အေးက ကျေးဇူးတင် ဝမ်းမြောက်စကား ပြောခဲ့ပြီး ကျောင်းသား၊ကျောင်းသူလေးများက ရိုးရာယိမ်း အကအလှများ ၊ တေးသီချင်း အမျိုးမျိုးဖြင့် ကပြ ဖျော်ဖြေပေးခဲ့ကြသည်။ ထို့နောက် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွင်း ကဏ္ဍအသီးသီးတွင် ပညာရည်ချွန်ဆုရရှိသူများနှင့် အားကစားထူးချွန်ဆု ရရှိသော ကျောင်းသား/သူများအား မြို့နယ်ပညာရေးမှူး၊ ကျောင်းအုပ်ဆရာမကြီးနှင့် တာဝန်ရှိသူများက ဆုများ အသီးသီးချီးမြှင့်ပေးကြပြီး  ကျောင်းသား၊ ကျောင်းသူလေးများက “တို့ကျောင်းသား” သီချင်းဖြင့် သီဆိုဖျော်ဖြေပေးခဲ့ကြကြောင်း သိရသည်။


သက်လွင်စိုး၊အောင်ကျော်စိန်

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)