"ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်၌ (၇၅)နှစ်မြောက်၊ စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို အားကစားပြိုင်ပွဲများ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

"ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်၌ (၇၅)နှစ်မြောက်၊ စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို အားကစားပြိုင်ပွဲများ ကျင်းပ





MNP  -  ဇန်နဝါရီ ၂

"ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့နယ်တွင် (၇၅)နှစ်မြောက်၊ စိန်ရတု လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို အားကစားပြိုင်ပွဲများ ပြုလုပ်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်(၉)နာရီက ဟိုပန်မြို့၊ လွတ်လပ်ရေးကျောက်တိုင်ကွင်း၌ အလွတ်တန်း ဘောလီဘော အားကစားပြိုင်ပွဲ ဆက်လက် ကျင်းပခဲ့သည်။


ဟိုပန်မြို့နယ်တွင်  ၂၀၂၃ ခုနှစ်၊ စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆို ဂုဏ်ပြုသောအားဖြင့်  ဘောလီဘော၊ ပြေးခုန်ပစ်၊ မီတာ(၁၀၀၊၂၀၀၊၄၀၀၊၈၀၀)အပြေးပြိုင်ပွဲ၊ သံလုံးပစ်၊ သံပြားပစ်၊ အလျားခုန်၊ ရိုးရာအားကစားပြိုင်ပွဲများဖြစ်သည့် အိတ်စွပ်ပြေး၊ သုံးချောင်းထောက်၊ သံပုံးရိုက် နှင့် ဝန်ထမ်းပေါင်းစုံ ဖူဆယ်ဘောလုံးအားကစားပြိုင်ပွဲများကို ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။


လက်ရှိတွင် အမျိုးသားအလွတ်တန်း ဘောလီဘောပြိုင်ပွဲ၌ အသင်း(၆)သင်း၊ ဖူဆယ်ဘောလုံးပြိုင်ပွဲ၌ အသင်း(၇)သင်း ပါဝင်ယှဉ်ပြိုင်လျက်ရှိပြီး ကျန်အားကစားနည်းများကို လွတ်လပ်ရေးနေ့တွင် ယှဉ်ပြိုင်ကျင်းပ သွားမည်ဖြစ်သည်။


အဆိုပါ ပြိုင်ပွဲ များတွင် ဆုရရှိသည့် အားကစားအသင်းများအား "ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်မြို့နယ်တွင် ကျင်းပမည့် ၂၀၂၃ ခုနှစ်၊ (၇၅)နှစ်မြောက်၊  စိန်ရတု လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အခမ်းအနား၌ ဆုများ အသီးသီး ပေးအပ် ချီးမြှင့်သွားမည်ဖြစ်ကြောင်း ပြိုင်ပွဲကျင်းပရေးကော်မတီထံမှ သိရသည်။


ဇင်ဇင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)