ဖျာပုံမြို့နယ်တွင် မြေပြင်လူဦးရေစာရင်းကောက်ယူနေမှုအား ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ကွင်းဆင်းစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဖျာပုံမြို့နယ်တွင် မြေပြင်လူဦးရေစာရင်းကောက်ယူနေမှုအား ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ကွင်းဆင်းစစ်ဆေး



MNP  -  ဇန်နဝါရီ ၁၄

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်၌ အိမ်ထောင်စုလူဦးရေစာရင်း မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးလုပ်ငန်းများအား ဇန်နဝါရီလ ၉ရက်နေ့မှစတင်၍ မြို့ပေါ်ရပ်ကွက်/ ကျေးရွာများတွင် ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများ၊ ပညာ​ရေးဝန်ထမ်းများပါဝင်သော (Working Group) ပူးပေါင်းအဖွဲ့များက သတ်မှတ်နယ်မြေအလိုက် တစ်အိမ်တက်ဆင်းစာရင်းကောက်ယူရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်လျက်ရှိသည်။

အဆိုပါ အိမ်ထောင်စုလူဦးရေစာရင်း မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေးလုပ်ငန်းအား သတ်မှတ်ကာလအတွင်းအချိန်မီပြီးစီးနိုင်ရန်နှင့်စာရင်းအချက်အလက်များ ပြည့်စုံမှန်ကန်စေရန်အတွက် ယမန်နေ့နံနက်ပိုင်းအချိန်က ဖျာပုံမြို့နယ်၊ ကိုးအိမ်တန်းကျေးရွာအုပ်စု၊ ကျုံကူကျေးရွာအုပ်စု၊ ကျုံတာကျေးရွာအုပ်စုတို့တွင် မြေပြင်လူရေစာရင်းကောက်နေမှုအား၊ ဖျာပုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီးနိုင်လင်း၊ အဖွဲ့ဝင် အေးကြိုင်၊ ဖျာပုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များသည် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် ကျေးရွာစာရေးဝန်ထမ်းများ၊ ပညာရေးဝန်ထမ်းများမှ (Working Group)တစ်အိမ် တက်ဆင်းမြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေးအဖွဲ့တို့ စာရင်းကောက်ယူနေမှုအား ကွင်းဆင်းစစ်ဆေး၍ စာရင်းကောက်ယူရေးလုပ်ငန်းစဉ်များ အဆင်ပြေချောမွေ့စေရေး၊ စာရင်းဇယားများမှန်ကန်​စေ​ရေး၊ အခက်အခဲများမရှိစေရေးအတွက် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်းသိရှိရသည်။


ဒေါ်မာမာလွင် 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)