မြေပြင် လူဦးရေစာရင်းကွင်းဆင်းတိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအား တိုင်း​ဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးနှင့် လူမှုရေးရာဝန်ကြီးမှ အားပေးကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြေပြင် လူဦးရေစာရင်းကွင်းဆင်းတိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအား တိုင်း​ဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးနှင့် လူမှုရေးရာဝန်ကြီးမှ အားပေးကြည့်ရှုစစ်ဆေး




MNP  -   ဇန်နဝါရီ  ၁၈

မြေပြင် လူဦးရေစာရင်းကွင်းဆင်းတိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်းကို ဇန်နဝါရီလ ၁၇ ရက်နေ့ နေ့လယ် ၂နာရီက မန္တလေး၊ ချမ်းအေးသာစံမြို့နယ်၊ ၆၉လမ်း၊ ၃၂လမ်းနှင့်၃၃ လမ်းကြားတွင် ပြုလုပ်ခဲ့ရာ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူကြီး ကျော်ကျော်မင်းနှင့်  လူမှုရေးရာဝန်ကြီး၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးယဉ်ထွေးမှ အားပေးကြည့်ရှုစစ်ဆေးခဲ့သည်။


အဆိုပါ ကွင်းဆင်းရာနေရာသို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်ကျော်မင်းနှင့်  လူမှုရေးရာဝန်ကြီး၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးယဉ်ထွေးမှ အားပေးကြည့်ရှုစစ်ဆေးခဲ့ရာ မြို့နယ်မြေပြင် ကွင်းဆင်းစာရင်း ကောက်ယူရေးကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှထွဋ်၊ အတွင်း ရေးမှူး မြို့နယ် လဝက ဦးစီးမှူး ဦးဝေလင်းနှင့် ကော်မတီဝင်များနှင့် တာဝန်ရှိသူများမှ လိုက်လံရှင်းလင်းပြသခဲ့ပြီး ဝန်ကြီးများမှ စာရင်း များ စနစ်တကျ စိစစ်ရေးသွင်းရေး၊ မှန်ကန်တိကျစေရေး၊ အချိန်မီပြီးစီးအောင် ဆောင်ရွက်ရေး လမ်းညွှန် မှာကြားခဲ့​သည်။


ချမ်းအေးသာစံမြို့နယ်အတွင်းတွင် မြေပြင်လူဦးရေစာရင်း ကွင်းဆင်းတိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်းအား မြို့နယ်မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီ၏ ကြီးကြပ်မှုဖြင့် မြေပြင်တစ်အိမ်တက်ဆင် ကွင်းဆင်းကောက်ယူရေးအဖွဲ့ (၉၈)ဖွဲ့မှ ရပ်ကွက် (၂၀) ရှိ ဦးတည်အိမ်ထောင်စု (၄၄၅၉၈)စု၊ လူဦးရေ (၁၉၆၂၆၀) ဦးအား ဇန်နဝါရီလ ၉ ရက်နေ့မှ ဇန်နဝါရီလ ၃၁ ရက်နေ့အတွင်း ပြီးစီးအောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။


ထိပ်ထားနိုင်

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)