သံတောင်ကြီးမြို့နယ် ဗောဓိကုန်းကျေးရွာတွင် ကျေးလက်ကုန်ထုတ်လမ်း ဆောင်ရွက်မှု (၁၀၀) ရာခိုင်နှုန်း ပြီးစီး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သံတောင်ကြီးမြို့နယ် ဗောဓိကုန်းကျေးရွာတွင် ကျေးလက်ကုန်ထုတ်လမ်း ဆောင်ရွက်မှု (၁၀၀) ရာခိုင်နှုန်း ပြီးစီး


MNP  -  ဇန်နဝါရီ ၃

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ပြည်နယ်အစိုး၏ ခွင့်ပြုရန်ပုံငွေဖြင့် ဗောဓိကုန်းကျေးရွာတွင် ကျေးလက် ကုန်ထုတ်လမ်း ဆောင်ရွက်ပြီးစီးမှု အခြေနေအား‌ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးအရာရှိ ဦးချမ်းငြိမ်းဝင်းနှင့် ဝန်ထမ်းများက ယနေ့နံနက် (၉)နာရီအချိန်တွင် ကွင်းဆင်း ကြည့်ရှုခဲ့ကြောင်း သိရသည်။


အဆိုပါ ကရင်ပြည်နယ်အစိုးရ၏ ခွင့်ပြုရန်ပုံငွေကျပ် (၁၂၄.၈၅) သန်းဖြင့် မြေဂဝံ အမျိုးအစား မြေသားကုန်ထုတ်လမ်း (၂)မိုင် ဆောင်ရွက်နေသည့် ဗောဓိကုန်းကျေးရွာကို တင်ဒါအောင် မြင်သည့် Poo Nagar ကုမ္မဏီမှ တာဝန်ယူဆောင်ရွက်ခြင်းဖြစ်ပြီး လုပ်ငန်းဆောင်ရွက်မှု(၁၀၀) ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်း ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး  ဦးချမ်းငြိမ်းဝင်းထံမှ သိရသည်။


နော်နော်မူ

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)