အမ်းမြို့နယ် သစ်ပုတ်ပင်ဒိုင်ကျောင်၌ ၂၀၂၂- ၂၀၂၃ ပညာသင်နှစ် ပညာရေးစုံညီပွဲတော် ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အမ်းမြို့နယ် သစ်ပုတ်ပင်ဒိုင်ကျောင်၌ ၂၀၂၂- ၂၀၂၃ ပညာသင်နှစ် ပညာရေးစုံညီပွဲတော် ကျင်းပ






MNP  ၊ ဇန်နဝါရီ ၇

       ရခိုင်ပြည်နယ် အမ်းခရိုင် အမ်းမြို့နယ်အမ်းမြောက်ကျေးရွာအုပ်စု သစ်ပုတ်ပင်ဒိုင်ကျေးရွာအခြေခံပညာမူလတန်းကျောင်း၌၂၀၂၂- ၂၀၂၃ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်ကို ယမန်နေ့ နံနက် ၁၀ နာရီက သစ်ပုတ်ပင်ဒိုင်ကျေးရွာ အခြေ ခံပညာ မူလတန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။


    ရှေးဦးစွာ ကျောင်းသား ကျောင်းသူများမှ မြန်မာ့ကျောင်းသီချင်းဖြင့် သီဆိုဖွင့်လှစ်ပေးခဲ့ပြီးအခြေခံ ပညာဦးစီးဌာနမှ ဒုတိယမြို့နယ်ပညာရေးမှူးဦးဥာဏ်မြင့်က ပညာရေးလုပ်ငန်းများနှင့်ပတ်သက်၍ ရှင်း လင်းပြောကြားခြင်း၊ ကျောင်းအကျိုးတော်ဆောင် တစ်ဦးကကျောင်းလုပ်ငန်းများနှင့်ပတ်သက် ၍ ဆွေးနွေးပြောကြားခဲ့သည်။


     ထို့နောက် ၂၀၂၁- ၂၀၂၂ ပညာသင်နှစ်အတွက် ထူးချွန်ဆုများရရှိသော ကျောင်းသား ကျောင်းသူများအား တက်ရောက်လာကြသော တာဝန်ရှိသူများက ဆုများအသီးသီးချီးမြှင့်ပေးခဲ့ပြီး ကျောင်းသားကျောင်းသူများက ကပြဖျော်ဖြေကာ အခမ်းအနားကို ဇာတိမာန်သီချင်းဖြင့် ပိတ်သိမ်းခဲ့ကြောင်း သိရသည်။


စိုးမင်းထွန်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)