ဘယ်ခေါင်းစဉ်မှ အလွတ်မပေးတဲ့ နီပိန်းသွေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဘယ်ခေါင်းစဉ်မှ အလွတ်မပေးတဲ့ နီပိန်းသွေး


ဒို့ပြည်သူတွေ ညီရဲ့လားဟေ့ - ညီတယ်ဟေ့ ညီတယ်ဟေ့

ဒို့ပြည်သူတွေ ညီရဲ့လားဟေ့ - ညီတယ်ဟေ့ ညီတယ်ဟေ့

ဒို့ပြည်သူတွေ ညီရဲ့လားဟေ့ - ညီတယ်ဟေ့ ညီတယ်ဟေ့

လမ်းမထက်မှာ လက်သီးလက်မောင်းတန်းပြီး အော်နေကြသူတွေကို ကျွန်တော် အင်းယားကန်ဘောင်ပေါ်ကနေ ထိုင်ကြည့်ပြီး သံဝေဂယူခဲ့ဖူးတယ်။ ၂၀၂၁ တပ်မတော် အာဏာစထိန်းပြီး တစ်ပတ်အတွင်းမှာပဲ NLD ဦးဆောင်သူတွေက သူတို့ရဲ့ ဝါဒဖြန့်မီဒီယာတွေကနေ လှုံ့ဆော်ပြီး ပြည်သူတွေကို သွေးကြွအောင် ဖန်တီးခဲ့ကြပါတယ်။ အဲဒီနောက်တော့ လမ်းပေါ်ထွက်လာတယ် ဆိုရင်ပဲ "ဒို့ပြည်သူတွေ ညီရဲ့လားဟေ့" ဆိုရင် သံယောင် လိုက်သူများကလည်း "ညီတယ်ဟေ့ ညီတယ်ဟေ့" လို့ ကြွေးကြော်ကြပါတယ်။ ဆန္ဒပြပွဲကို လည်းတန်းမီးပွိုင့်အနီး အင်းစိန်လမ်းမကြီးပေါ်မှာ စတင်ခဲ့ကြခြင်း ဖြစ်ပါတယ်။

အဲဒီကနေ မှ ရန်ကုန်မြို့ရဲ့ အထင်ကရ နေရာတွေဖြစ်တဲ့ မြေနီကုန်းမီးပွိုင့်၊ ဆူးလေ၊ မြန်မာစင်တာရှေ့ အစရှိတဲ့ စုရပ်တွေကို NLD ဦးဆောင်သူများရဲ့ အစီအစဉ်နဲ့ တောင်ဒဂုံ၊ မြောက်ဒဂုံ၊ အရှေ့ဒဂုံက လူတွေ ကို ကားနဲ့ ကြိုပို့လုပ်ပြီး ခေါ်လာကြတယ်။ ရွှေပြည်သာ၊ လှိုင်သာယာက လူတွေကို ကြိုပို့စီစဉ်ပေးပြီး ခေါ်လာကြတယ်။ အဲဒီ အချိန် အာဏာလက်မဲ့ ဖြစ်ခါစ တိုင်းပြည်ဘဏ္ဍာထဲက ခိုးထားတာတွေကလည်း ရှိနေ၊ တိုင်းတပါးက ထောက်ပံ့ပေးကမ်းထားတာတွေကလည်း အလုံးအရင်း ရှိနေသေးတဲ့ အချိန်ဆိုတော့ NLD ဦးဆောင်သူများက ဆန္ဒပြပွဲမှာ လိုက်ပါသူတွေကို စနစ်တကျ ကြုံးသွင်းပါတယ်။ 

စုရပ်ကို ရောက်လာပြီး ဟိုဘက်လှည့်အော်လိုက်၊ ဒီဘက်လှည့်အော်လိုက် ခဏကြာရင် ရေသန့်ဗူးပေးမယ့်သူ၊ အအေးတိုက်မယ့်သူ ရောက်လာပါတယ်။ ထမင်းစားချိန်ဆို ထမင်းဗူးဝေမယ့်သူ ရောက်လာပါတယ်။ NLD ဦးဆောင်သူများရဲ့ ကြုံးသွင်းပုံက ထမင်းဗူးထဲမှာ တစ်သောင်းတန် တစ်ရွက်စီ ထည့်ထားပေးတယ်။ ထမင်းဗူးရတဲ့သူက တစ်သောင်းရပြီဗျာ။ နောက်တော့ ဆန္ဒပြလာတဲ့ နီပိန်းလူလည်လေးတွေက ကျောပိုးအိတ်လေးတွေနဲ့ လာကြတယ်။ ထမင်းဗူးဝေချိန် ဆိုရင် များနိုင်သမျှ များများရအောင် တိုးကြတယ်။ ထမင်းဗူး တစ်ဗူးစီမှာ ၁သောင်း ပါတာဆိုတော့ ၃ဗူး၊ ၅ဗူး လောက် ရရင် သူတို့အတွက် တော်တော်လေး တွက်ခြေကိုက်နေပြီလေ။ 

ထမင်းဗူးတိုးပြီး တွက်ခြေကိုက်နေတဲ့ နီပိန်းလေးတွေက သူတို့ကိုယ်သူတို့တော့ လည်လှပြီထင်နေတာပဲ။ နီပိန်းကြီးတွေက လမ်းပေါ်ကို အဆက်မပြတ်ထွက်လာတဲ့ နီပိန်းလေးတွေကို အသုံးချပြီး တိုင်းဖျက် ပြည်ဖျက် သာသနာဖျက် လုပ်ငန်းစဉ်ကို အရှိန်အဟုန်တိုးမြှင့်ဖို့ အစီအစဉ်စွဲနေပါပြီ။ တစ်စတစ်စနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေထံမှာ လက်နက်ကိုင် သင်တန်းတက်ဖို့ ဖျားယောင်းသွေးဆောင်မှုတွေ လုပ်ဆောင်လာကြပြီဖြစ်ပါတယ်။ ထမင်းဗူးထဲမှာတောင် ၁သောင်း ထည့်ပေးသေးတာ။ လက်နက်ကိုင် တိုက်ခိုက်မယ့် လမ်းစဉ်ပေါ်ရောက်ရင်တော့ဖြင့် ဒီထက်မက တွက်ခြေကိုက်လိမ့်မယ်လို့ နီပိန်းလေးတွေက လိုက်ရကောင်းနိုး၊ ဖြစ်မှ ဖြစ်ပါ့မလား တချိုလည်း စဉ်းစားရင်း တချို့ကတော့ နီပိန်းကြီးများ ခေါ်ဆောင်ရာ KNU, KIA နယ်မြေတွေကို ရောက်ရှိသွားကြပါတော့တယ်။ သွားရင်း အဖမ်းခံရတာမျိုးတွေလည်း ရှိခဲ့ပါတယ်။

KNU, KIA မှာ တစ်ပတ်လောက် အပြေးလေ့ကျင့်၊ လက်နက်အဖြုတ်အတတ် သင်ယူပြီးတဲ့ နီပိန်းလေးတွေကို သက်ဆိုင်ရာ မြို့နယ်အလိုက် NLD လွှတ်တော်အမတ်များက မိမိတို့မြို့နယ်အတွင်းမှာ အဓိက အတိုက်အခံဖြစ်တဲ့ USDP ပါတီဝင်တွေ၊ အမျိုးသားရေးလှုပ်ရှားသူတွေကို စာရင်းထုတ်ပေးပြီး တစ်ယောက်ကို လုပ်ကြံသတ်ဖြတ်နိုင်ရင် ဘယ်လောက်ဆိုတာမျိုး ဂိုက်လိုင်းချပေးပါပြီ။ ထမင်းဗူးတိုးပြီး နေ့တွက်ရှာခဲ့တဲ့ နီပိန်းလေးတွေမှာလည်း ဆင်ကန်းတောတိုး နိပိန်းကြီးများ လမ်းညွှန်ရာကို လိုက်ခဲ့ပြီးမှတော့ မထူးပါဘူးဆိုပြီး မထူးဇာတ်ခင်းကြပါတော့တယ်။ ကိုယ့်မြို့ ကိုယ့်ရွာပြန်ပြီး ကိုယ့်ရွာသူရွာသားအချင်းချင်း USDP ပါတီဝင်၊ PPP ပါတီဝင်၊ အမျိုးသားရေးလှုပ်ရှားသူ အစရှိသဖြင့် သူတို့ပါတီဝင်မဟုတ်တဲ့သူ မှန်သမျှဟာ သူတို့ရဲ့ ပစ်မှတ်ပါပဲ။ ဒါကတော့ နွေဦးတော်လှန်ရေးရဲ့ နိဒါန်းပဲ ဖြစ်ပါတယ်။

ဒီနေရာမှာ ဖြည့်စွက်ပြောချင်တာက နီပိန်းလေးတွေကို KNU, KIA လက်နက်ကိုင်တပ်ဖွဲ့တွေထံ ပို့နေတဲ့ အချိန်မှာပဲ နီပိန်းကြီးတွေက နယ်စပ်ကနေတဆင့် လွတ်မြောက်နယ်မြေကို ပြေးဖို့ တာဆူပြီး ဖြစ်နေကြပါပြီ။ နီပိန်းလေးတွေ ဘဝကနေ အကြမ်းဖက်သမားဖြစ်လာတဲ့ ကောင်တွေက ဖောက်ခွဲတိုက်ခိုက်မှုတွေ၊ လုပ်ကြံသတ်ဖြတ်မှုတွေ စတင်လုပ်ဆောင်လာချိန်မှာ နီပိန်းကြီးတွေက လွတ်မြောက် နယ်မြေကို ရောက်ရှိသွားကြပါပြီ။

နီပိန်းလေးတွေက ဟိုမှာ၊ ဒီမှာ လုပ်ကြံသတ်ဖြတ်မှုတွေ လုပ်ပြနေသလို နီပိန်းကြီးတွေက တော်လှန်ရေးကြီးက ဘယ်နှရက်အတွင်း နိုင်တော့မှာ။ ဒီလကုန်ရင် ပွဲပြီးပြီ။ နီပိန်း လူသတ်သမားလေးတွေ သတ်ရ ဖြစ်ရ အားရှိအောင် မဟုတ်မမှန် လုပ်ကြံဖန်တီး ပြောဆိုမှုတွေကိုလည်း စဉ်ဆက်မပြတ် လုပ်ဆောင်ပေးနေပါတယ်။ သို့သော် နွေဦး တော်လှန်ရေးက တစ်လလည်း မပြီး၊ နှစ်လလည်း မပြတ် အခုဆိုရင် နွေဦးတော်လှန်ရေးခေါင်းစဉ်သာ မဟုတ်တော့ဘဲ ခေါင်းစဉ်အမျိုးမျိုး ပြောင်းလာတာကို သတိပြုမိကြမယ် ထင်ပါတယ်။

ကိုဗစ် တတိယလှိုင်း ဖြစ်လာတော့ နီပိန်းကြီးတွေ လက်နက်တင်သွင်းဖို့ ဂွင်ကောင်းရသွားခဲ့တယ်။ အဲဒါကတော့ ကိုဗစ်-၁၉ ကာကွယ်ရေးအတွက် လိုအပ်တဲ့ ဆေးဝါးမှန်သမျှကို နစက အစိုးရက အခွန်ကင်းလွတ်ခွင့် ပေးသည့်အပြင် အတားအဆီး အစစ်အဆေးမရှိ တင်သွင်းခွင့် ပြုတဲ့အချိန်မှာ ပြည်သူလူထုအပေါ် ယုတ်မာရိုင်းစိုင်းဖို့ ပြင်ဆင်ထားတဲ့ ဝရမ်းပြေး နီပိန်းကြီးတွေက ထိုင်းနယ်စပ်ကနေ အောက်ဆီဂျင်အိုးထဲ လက်နက်တွေ ထည့်ပြီး တင်သွင်းပေးတယ်။ ပြည်တွင်းမှာ ရှိနေတဲ့ ဂျင်မီ၊ ဖြိုးဇေယျာသော် တို့က နီပိန်း အကြမ်းဖက်သမားလေးတွေဆီ ဖြန့်ဝေပေးတယ်။ အပြစ်မဲ့ ပြည်သူတွေဟာ ကိုဗစ်ကြောင့် မသေဘဲ နီပိန်းကြီးတွေရဲ့ ရက်စက်ယုတ်မာတဲ့ အစီအစဉ်မှာ နီပိန်းအကြမ်းဖက်သမားလေးတွေရဲ့ သတ်ဖြတ်မှုကြောင့် နေ့စဉ်ရက်ဆက် အပြစ်မဲ့ ပြည်သူတွေ၊ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ သေခဲ့ရပါတယ်။

နစက ဥက္ကဋ္ဌ ကြီး က ကိုဗစ်-၁၉ ကာကွယ်ရေးကို အလေးထားပြီး လူ့အသက်ထက် အရေးကြီးတာ ဘာမှမရှိဘူး ဆိုတဲ့ စကားကို အခွင့်ကောင်းယူပြီး လူ့အသတ်ပေါင်းများစွာကို နီပိန်းကြီးတွေက ရက်စက်ယုတ်မာရိုင်းစိုင်းစွာ ဇီဝိန်ခြွေသွားခဲ့ကြပါတယ်။

ကိုဗစ် တတိယလှိုင်း မပြီးပြတ်ခင်မှာပဲ စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်ဖို့ အစီအစဉ်က ဖြစ်ပေါ်လာခဲ့တယ်။ နွေရူးတော်လှန်ရေးခေါင်းစဉ်နဲ့ လှုံ့ဆော်နေရာကနေ ပြည်ပြေး ဝရမ်းပြေး နီပိန်းကြီးတွေက ဆရာမတွေ စာမသင်ဖို့၊ CDM မှာ ပါဝင်ကြဖို့ လှုံ့ဆော်လာသလို ကျောင်းထားမယ့် မိဘတွေကို ခြိမ်းခြောက်မှုတွေ လုပ်လာကြပါတယ်။ ပညာမဲ့ နီပိန်းလေးတွေက စဉ်းစားဆင်ခြင်မှု မရှိဘူး။ ဝရမ်းပြေး နီပိန်းကြီးတွေက ကျောင်းမထားနဲ့ဆိုတော့ မထားကြဘူးဗျ။ လူလည် လူနပ် နီပိန်းကြီးတွေက ကျောင်းမထားဖို့၊ ကျောင်းမတက်ဖို့သာ လှုံ့ဆော်နေတာ သူတို့ သားသမီးတွေ ပုဂ္ဂလိကကျောင်းများမှာ အပ်နှံပြီးနေပြီ။ သူများသားသမီး ကျောင်းထားတာကိုတော့ ပြစ်တင် ပြောဆိုတယ်။ ကြောက်စရာ အကောင်းဆုံးကတော့ အာဏာရူးနိုင်ငံရေးသမားတွေပဲ ဖြစ်ပါတယ်။ မင်းကိုနိုင်၊ မျိုးရန်နောင်သိန်း၊ ပန်ဆယ်လို၊ ဇော်ဝေစိုး၊ ဆာဆာ တို့ ဆိုရင် လွတ်မြောက်နယ်မြေကို ဦးစွာ ပြေးသူတွေ ဖြစ်ပါတယ်။ ဇော်ဝေးစိုးဆိုတဲ့ ပညာတတ် လူယုတ်မာကြီးက သူများ သားသမီးတွေကို ကျောင်းမထားကြဖို့၊ ကျောင်းမတက်ကြဖို့ လှုံ့ဆော်ပြီး သူ့သားသမီးတွေကိုတော့ နိုင်ငံတကာအဆင့်မီ ကျောင်းတွေမှာ ထားပါတယ်။

NUG အကြမ်းဖက်အဖွဲ့က ကာကွယ်ရေးဝန်ကြီး အရက်သမား ရည်မွန်ဆိုရင် သူ့သမီးကို အမေရိကန်တက္ကသိုလ်တစ်ခုမှာ ကျောင်းထားတယ်။ အဲဒါကို ဖွတဲ့သူကလည်း ဖွတယ်။ ဖွရပါ့မလားဆိုပြီး ဒေါပွနေလေရဲ့။ ဆင်ခြင်တုံတရားကင်းမဲ့တဲ့ နီပိန်းတွေက ပြည်ပြေး ဝရမ်းပြေးတွေ ဟန်လုပ်ပြီး ပြောနေတာတွေကို အဟုတ်တကယ် ထင်ကြတာဗျ။ ကျောင်းမထားနဲ့ဆို မထားဘူး။ ဒီမိုကရေစီအရည်ခြုံပြီး တခြားပါတီဝင်တွေကို သတ်ဆိုလည်း သတ်တာဗျ။ ဒီထက် မိုက်မဲတဲ့ ဒီမိုကရေစီအရည်ခြုံတွေကို ဘယ်မှာမှ ရှာတွေ့နိုင်မှာ မဟုတ်ဘူး။

ပြည်ပြေး ဝရမ်းပြေး နီပိန်းကြီးများရဲ့ လှုံ့ဆော်မှုနဲ့ နီပိန်း အကြမ်းဖက်သမားလေးတွေက ဆရာ/ ဆရာမတွေကို သတ်တယ်။ ပညာရေးဝန်ထမ်းတွေကို အခွင့်သာတာနဲ့ သတ်တယ်။ စာသင်ကျောင်းတွေကို မီးရှို့ဖျက်ဆီးတယ်။ ယနေ့တိုင်အောင် စာပေသင်ကြားနေတဲ့ စာသင်ကျောင်းတွေကို လူကိုယ်တိုင် လာပြီး ဖောက်ခွဲတိုက်ခိုက်လို့ မရတော့ Drone နဲ့ ဗုံးကျဲချနေတုန်းပဲ မဟုတ်လား။

နောက်တော့ နီပိန်းကြီးတွေဟာ အိုအိုင်စီ ပေးကမ်းထောက်ပံ့တားကိုလည်း စားထားမိ၊ အနောက်အုပ်စု ပေးကမ်းထောက်ပံ့တာကို စားထားတဲ့အပြင် အနောက်နိုင်ငံတွေမှာ ခိုလှုံနေကြရတာဖြစ်တဲ့ အခါကြတော့ ပြည်သူအများစုရဲ့ ကိုးကွယ်ရာ သံဃာတော်တွေကို ပစ်မှတ်ထား လှုံ့ဆော်လာကြပြန်တယ်။ တော်လှန်ရေးမှာ မပါဝင်ရကောင်းလား၊ နစက အစိုးရနဲ့ ဆက်ဆံရကောင်းလားဆိုပြီး အပြစ်အမျိုးမျိုးကို ပြဆိုပြီး လှုံ့ဆော်လာကြတယ်။ သူတို့ဘက်မှာလည်း တော်လှန်ရေးမှာ မပါဝင်တဲ့လူတွေကို သတ်ဖြတ်ဖို့ လှုံ့ဆော်နေတဲ့ နွေရူးကိုယ်တော်၊ ရွှေဝါရောင် အမည်ခံကိုယ်တော်တွေကလည်း ရှိနေတော့ ဒီပုဂ္ဂိုလ်တွေကို ပွဲထုတ်လာကြတယ်။ သီတဂူဆရာတော်ကြီးက စပြီး အားလုံးကို သိမ်းကြုံးစော်ကားပြောဆိုမှုတွေ လုပ်လာတယ်။ ဒါတွေကို ကြည့်ရတဲ့ နီပိန်းအကြမ်းဖက်သမားလေးတွေမှာ အမုန်းဓာတ်ခံကလည်း ရှိပြီးသား၊ မီးလောင်ရာ လေပင့် လှုံ့ဆော်မှုတွေ ရှိလာတဲ့အခါကြတော့ သံဃာတော်တွေကို ပစ်မှတ်ထားပြီး လုပ်ကြံသတ်ဖြတ်မှုတွေ လုပ်ဆောင်လာကြပြန်ပါတယ်။ ဆရာ/ ဆရာမတွေကို လုပ်ကြံသတ်ဖြတ်မှုတွေ ဖြစ်လာတော့ နီပိန်းတွေရဲ့ ယုတ်မာရိုင်းစိုင်းမှုတွေ ကမ်းကုန်သွားပြီလို့ ထင်မှတ်ထားတာ။ ဘယ်ဟုတ်လို့တုန်းဗျာ။ သံဃာတော်တွေကိုပါ ရက်ရက်စက်စက် သတ်ဖြတ်မှုတွေ လုပ်ပြလာကြတယ်။

အခု နီပိန်းကြီးတွေ ခေါင်းစဉ်ပြောင်းပြီး လှုံ့ဆော်လာကြပြန်ပြီ။ ဆင်ခြင်တုံတရားကင်းမဲ့လွန်းတဲ့ နီပိန်းအကြမ်းဖက်သမားတွေက လုပ်ကြလိမ့်အုံးမယ်။ အဲဒါကတော့ ၂၀၂၃ မှာ ဖြစ်ပေါ်လာမယ့် ရွေးကောက်ပွဲကို နှောက်ယှက်ဖျက်ဆီးဖို့ ဖြစ်ပါတယ်။ အဓိက ပစ်မှတ်ကတော့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်တွေ၊ ဝန်ထမ်းတွေကို နီပိန်း အကြမ်းဖက်သမားတွေက ပစ်မှတ်ထားလာကြမှာ ဖြစ်ပါတယ်။

နစက အစိုးရအနေနဲ့ တည်ငြိမ်အေးချမ်းရေး၊ အကြမ်းဖက်နှိမ်နင်းရေး ဘယ်လိုလုပ်နေပါတယ်လို့ ပြောပြော ထိရောက်မှု အားနည်းလွန်းပါတယ်။ တကယ်ကို ထိရောက်မြန်ဆန်တဲ့ အကြမ်းဖက်နှိမ်နင်းရေးသာဆိုရင် ဆရာ/ ဆရာမတွေ၊ သံဃာတော်တွေ ဘယ်လိုအကြောင်းကြောင့်မှ အခုလောက်ထိ သေဆုံးရဖို့ မရှိပါဘူး။ အထူးအားဖြင့်တော့ နစက ဦးဆောင်သူများရဲ့ အတွေးက အကြမ်းဖက်သမားတွေ ယဉ်ပါးလာလိမ့်မယ်လို့ တလွဲတွေးမိဟန်တူပါရဲ့။ နီပိန်း အကြမ်းဖက်သမားတွေက ယဉ်ပါးမလာဘဲ ကမ္ဘာမှာ  အဆိုးဆုံးလို့ သတ်မှတ်ထားတဲ့ အကြမ်းဖက်အဖွဲ့တွေထက်ကို ပိုပြီး ယုတ်မာရိုင်းစိုင်းတဲ့ အကြမ်းဖက်လုပ်ရပ်တွေကို ကျူးလွန်ပြခဲ့တာ သာဓက အထူးပြဖို့ လိုမယ်မထင်ပါဘူး။

ဒါကြောင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များ၊ ဝန်ထမ်းများ အထူးသတိရှိကြဖို့ တိုက်တွန်းလိုရင်း ဖြစ်ပါတယ်။ ဆရာ/ ဆရာမတွေ ကို ပစ်မှတ်ထားတိုက်ခိုက်တာမျိုးကိုလည်း လည်ဆင်းခံခဲ့ရတယ်။ သံဃာတော်တွေကို ပစ်မှတ်ထားတိုက်ခိုက်တော့လည်း လည်ဆင်းခံခဲ့ကြရတာပဲ။ နောက်ထပ် NLD အစွန်းရောက် အကြမ်းဖက်သမားတွေရဲ့ ရက်စက်ယုတ်မာမှုဘေးကနေ ကင်းဝေးနိုင်သမျှ ကင်းဝေးအောင် ဆောင်ရွက်ကြဖို့ သင့်ပြီ။ သတိမလစ်ဟင်းပါစေနဲ့။ မပေါ့ဆပါနဲ့လို့ပဲ အထူးသတိပေးချင်ပါတယ်။

အမှန်တကယ်တော့ နီပိန်းတွေဟာ တပ်မတော်ကို အာဏာသက်ဆိုးရှည်စေချင်သူတွေ ဖြစ်ပါတယ်။ တပ်မတော်အစိုးရ ရှိနေမှ သူတို့အနေနဲ့ လုပ်ကြံလီဆည်ပြီး အပုပ်ချပြောဆိုလို့ ကောင်းမယ်။ အိုအိုင်စီနဲ့ အနောက်အုပ်စုဆီကနေ လက်ဖြန့်ခံတောင်းလို့ ကောင်းမယ်။ ဒီမိုကရေစီလိုလားသူဆိုရင် ဒီမိုကရေစီရှင်သန်ရေးအတွက် ဆောင်ရွက်မယ့် မည်သည့် လုပ်ငန်းစဉ်ကို မဆို ကန့်ကွက်နှောက်ယှက်ဖို့ မလိုဘူး။ အာဏာထိန်းထားတဲ့ တပ်မတော်က အာဏာသိမ်းလိုက်ပြီ။ ရွေးကောက်ပွဲ မကျင်းပပေးတော့ဘူးဆိုရင် ဒီမိုကရေစီနဲ့ ဝေးပြီလေ။ ဒါမျိုး လုပ်တယ်ဆိုရင် တော်လှန်ရမှာ။ အခုက ပြည်သူများ လိုလားချက်ဖြစ်တဲ့ ဒီမိုကရေစီစနစ် ရှင်သန်ထွန်းကားရေးအတွက် ရွေးကောက်ပွဲလုပ်ပေးပါမယ်ဆိုတာကို ဒီမိုကရေစီအရေးတော်ပုံလို့ အော်နေတဲ့ မောင်မင်းကြီးသားများက နှောက်ယှက်ဖျက်ဆီးဖို့ တာဆူနေကြတယ်ဆိုတော့ စဉ်းစားလို့တောင် မရဘူးဗျာ။

အထူးသတိပြုပါ။ "တို့ပြည်သူတွေ ညီရဲ့လားဟေ့" လို့ လှုံ့ဆော်ခဲ့တဲ့ နီပိန်းကြီးများက လွတ်မြောက်နယ်မြေကို ရောက်ရှိသွားကြပါပြီ။ လှုံ့ဆော်မှုတွေကို စဉ်ဆက်မပြတ် လုပ်ဆောင်နေကြဆဲ ဖြစ်ပါတယ်။ "ညီတယ်ဟေ့ ညီတယ်ဟေ့" လို့ သံယောင်လိုက်ပြီး အာသီးယောင်ခဲ့တဲ့ နီပိန်းလေးတွေက အကြမ်းဖက်သမားလေးတွေ ဖြစ်နေပြီ။ နီပိန်းအကြမ်းဖက်သမားတွေဟာ ဆင်ခြင်တုံတရား ကင်းမဲ့စွာ ကိုယ့်ဆရာ/ဆရာမ မချန်၊ မိမိတို့ရဲ့ ကိုးကွယ်ရာ သံဃာတော်တွေပါ မချန် ရက်စက်ယုတ်မာရိုင်းစိုင်းစွာ သတ်ဖြတ်ခဲ့ကြပြီးပြီ။ နောက်ထပ် ဆင်ကန်းတောတိုး မိုက်မဲဖို့လည်း ဝန်မလေးကြတော့ဘူး။ နီပိန်းတွေ ခေါင်းစဉ်ပြောင်းလာတိုင်း အထိနာတယ်။ နီပိန်းတွေရဲ့ ရက်စက်ယုတ်မာရိုင်းစိုင်းတဲ့ လုပ်ရပ်တွေကြောင့် အပြစ်မဲ့ ရဟန်းရှင်လူပြည်သူပေါင်း သေဆုံးခဲ့ရတာလည်း မနည်းတော့ဘူး။ အခု ရွေးကောက်ပွဲကို နှောက်ယှက်ဖို့ တာဆူနေကြပြီဖြစ်တဲ့အတွက် အထူးအားဖြင့် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များ၊ ဝန်ထမ်းများ အထူးသတိပြု၍ တိုင်းရေးပြည်ရာကို ဆောင်ရွက်ပါ။ နီပိန်းအကြမ်းဖက်သမားတွေဟာ တပ်မတော်ကို တော်လှန်နေတာ မဟုတ်ဘူး။ အပြစ်မဲ့ ရဟန်းရှင်လူပြည်သူတွေကို ပစ်မှတ်ထား လုပ်ကြံသတ်ဖြတ်ပြီး တော်လှန်ရေးလို့ အသံကောင်းဟစ်နေတာ ဖြစ်တဲ့အတွက်ကြောင့် အထူးအားဖြင့် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များ မပေါ့ဆကြပါနဲ့။ သတိမလစ်ဟင်းပါစေနဲ့လို့ မေတ္တာရှေ့ထား ရေးသားအကြံပြုလိုက်ရခြင်း ဖြစ်ပါကြောင်း ...


နောင်တော်လေး (ဘိုကလေး)

#MyanmarNationalPost 

(လက်သုံးချောင်းထောင် PDF အကြမ်းဖက်သမားများသည် အပြစ်မဲ့ ရဟန်းရှင်လူပြည်သူများအား သတ်ဖြတ်နေကြသည်။ PDF အကြမ်းဖက်သမားများကို အမေရိကန်ဦးဆောင်သော အနောက်အုပ်စုက ပံ့ပိုးပေးနေသည်။ PDF အကြမ်းဖက်သမားများကို အလိုမရှိ။)

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)