မိုးညိုမြို့နယ်၌ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ အခမ်းအနားပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုးညိုမြို့နယ်၌ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ အခမ်းအနားပြုလုပ်





MNP  -  ဇန်နဝါရီ ၂

(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေး‌နေ့ကို ကြိုဆိုဂုဏ်ပြု‌သောအားဖြင့် ပဲခူးတိုင်းဒေသကြီး၊ မိုးညိုမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၂-၂၀၂၃ခု၊ ဘဏ္ဍာရေးနှစ်တွင် အဖွဲ့ရန်ပုံငွေဖြင့်ဆောင်ရွက်ခဲ့‌သည့် မိုးညိုမြို့၊ ရွှေဥဒေါင်းရပ်ကွက်ရှိ သူရလမ်းအား ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်(၉)နာရီက ကျင်းပခဲ့သည်။


ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းသိဒ္ဓိက အဖွင့်အမှာစကားပြောကြားသည်။ ဆက်လက်‌၍ မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနမှ အမှုဆောင်အရာရှိ ဒေါ်သက်သက်မာက ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းဆောင်ရွက်ခဲ့မှုနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ရပ်မိရပ်ဖတစ်ဦးက ကျေးဇူးတင်စကားပြောကြားသည်။


ထို့နောက် ကွန်ကရစ်လမ်းအား ဖဲကြိုးဖြတ်ဖွင့်လှစ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းသိဒ္ဓိ၊ အဖွဲ့ဝင်(၁)ဗိုလ်မှူးရဲထွဋ်အောင်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးတင့်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့အတွင်းရေးမှူး ရဲမှူးဝင်းကျော်ကျော်လွင်၊ မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနမှ အမှုဆောင်အရာရှိ ဒေါ်သက်သက်မာနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။


အဆိုပါကွန်ကရစ်လမ်းကို ၂၀၂၂-၂၀၂၃ခု၊ ဘဏ္ဍာရေးနှစ် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ရန်ပုံငွေကျပ် (၇၉•၂၅)သန်းဖြင့် အလျား ၁၇၂၀ပေ၊ အကျယ် ၁၂ ပေ၊ ထု ၈ လက်မဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


ကိုမင်း 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)