ဇလွန်မြို့နယ်၌ ဆရာတော်သံဃာတော်များနှင့် ဝတ်အသင်းများက အောင်ခြင်းရှစ်ပါးပါဠိနှင့် ဓဇဂ္ဂသုတ်ပရိတ်တော်မြတ်အား ရွတ်ပွားပူဇော် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဇလွန်မြို့နယ်၌ ဆရာတော်သံဃာတော်များနှင့် ဝတ်အသင်းများက အောင်ခြင်းရှစ်ပါးပါဠိနှင့် ဓဇဂ္ဂသုတ်ပရိတ်တော်မြတ်အား ရွတ်ပွားပူဇော်



MNP  -   ဇန်နဝါရီလ ၂၇

ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့နယ် မဟာအတုလဝေယံ သာသနာ့ဗိမာန်တော်ကြီးတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝတ်အသင်းသူများ၊ မြို့ပေါ်ရပ်ကွက်ဝတ်အသင်းများက အောင်ခြင်းရှစ်ပါး ပါဠိနှင့် ဓဇဂ္ဂသုတ် ပရိတ်တော်မြတ်၊ ဆရာတော်၊ သံဃာတော်များက မိမိတို့ကျောင်းတွင် အောင်ခြင်းရှစ်ပါး ပါဠိနှင့်ဓဇဂ္ဂသုတ် ပရိတ်တော်မြတ်တို့ကို ယနေ့နံနက် ၇ နာရီ မိနစ် ၄၀တွင်ရွတ်ပွားပူဇော်ခဲ့ကြသည်။


ရွတ်ပွားပူဇော်ပွဲအခမ်းအနားကို “နမောတဿ” သုံးကြိမ်ရွတ်ဆိုပူဇော်ခဲ့ကြပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝတ်အသင်းသူများ၊ မြို့ပေါ်ရပ်ကွက်ဝတ်အသင်းများက အောင်ခြင်းရှစ်ပါးပါဠိနှင့် ဓဇဂ္ဂသုတ်ပရိတ်တော်မြတ်အား ရွတ်ပွားပူဇော်ခဲ့ကြ​ပြီး အခမ်းအနားကို “ဗုဒ္ဓ သာသနံ စိရံ တိဋ္ဌတု” သုံးကြိမ်ရွတ်၍ အောင်မြင်စွာပြီးမြောက်ခဲ့သည်။


ဇလွန်မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများတွင်လည်း ရဟန်းသံဃာတော်များက အောင်ခြင်းရှစ်ပါးပါဠိနှင့် ဓဇဂ္ဂသုတ်ပရိတ်တော်မြတ်အား ရွတ်ပွားပူဇော်ခဲ့ကြသည်။ ယင်းနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ စုပေါင်း၍ မီးကွင်းဆုတောင်းပြည့် ပေါ်တော်မူရွှေသာလျောင်းဘုရားတွင် တံမြက်စည်းလှည်းခြင်း၊ ဘုရားရင်ပြင်အား ရေဖြင့်ဆေးကြောခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။


ဝေယံ

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)