၇၆)နှစ်မြောက်ပြည်ထောင်စုနေ့အကြို နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲ သံတွဲမြို့ အထက(ခွဲ)မြို့မ ကျောင်း၌ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

၇၆)နှစ်မြောက်ပြည်ထောင်စုနေ့အကြို နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲ သံတွဲမြို့ အထက(ခွဲ)မြို့မ ကျောင်း၌ကျင်းပ



MNP  -  ဇန်နဝါရီ ၃၁

သံတွဲခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူး၍ ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတ တိုးပွားစေရေးအတွက် (၇၆)နှစ်မြောက်ပြည်ထောင်စုနေ့အကြို နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲကို ယနေ့ နံနက် ၁၁ နာရီက သံတွဲမြို့ အထက(ခွဲ)မြို့မ ကျောင်း၌ကျင်းပပြုလုပ်သည်။


အဆိုပါနံရံကပ်စာစောင်တွင် ပြည်ထောင်စုနေ့အကြောင်းသိကောင်းစရာများ ၊ပင်လုံစာချုပ်တွင် လက်မှတ် ရေးထိုးခဲ့သည့် တိုင်းရင်းသား ခေါင်းဆောင်ကြီးများ၏ မှတ်တမ်းဓာတ်ပုံများ ကလေးအလုပ်သမား ပပျောက်ရေးအသိပညာပေးခြင်း ဆိုင်ရာများ ၊ လူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာ သိကောင်းစရာများ ၊မူးယစ်ဆေးဝါး တားဆီးကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်များနှင့် သုတရသ စာအုပ်စာစောင် (၃၅၀)အုပ်ခန့်ကိုပြသခဲ့ရာ ဆရာ၊ ဆရာမများနှင့် ကျောင်းသားကျောင်းသူလေးများ စိတ်ပါဝင်စားစွာ ကြည့်ရှု လေ့လာခဲ့ကြသည်။ 


ထိုသို့ကြည့်ရှုလေ့လာနေစဉ် သံတွဲခရိုင်ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနမှလက်ထောက် ညွှန်ကြားရေးမှူး ဒေါ်စန္ဒာကြည်နှင့်ဝန်ထမ်းများက (၇၆)နှစ်မြောက်ပြည်ထောင်စုနေ့ အကြို နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲ ဆောင်ရွက်ရခြင်း နှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မှ ပြည်သူများ ၊ကျောင်းသား၊ ကျောင်းသူလေးများ အသိပညာဗဟုသုတ တိုးပွါးလာစေရေးအတွက် ဝန်ဆောင်မှု ပေးနေမှုအခြေအနေများကို ရှင်းလင်းပြောကြားခဲ့သည်။


 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)